စာစဉ်(၃၉) အပိုင်း(၁၀)

131 12 0
                                    

[စာစဉ်(၃၉) အပိုင်း(၁၀)] အခန်း(၄၄၂-က) ငါတို့အဝိုင်းခံထားရပြီ(၁)

သူတို့အဖွဲ့ ဆိပ်ကမ်းသို့ရောက်ရှိပြီးနောက် သင်္ဘောပေါ်တက်သည့်အခါ နည်းပြလျိုက စိတ်အားထက်သန်စွာ ပြောသည်။ "အင်း... ဒါက အပျက်အစီးနယ်မြေကို ငါ ပထမဆုံးသွားဖူးတာ။ တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှားလာပြီ"

လုံခြုံရေးအဖွဲ့မှ ကျောက်ဖုန်း၊ အားဟူနှင့် မုံ့ကြီးတို့ပါဝင်ပြီး ရှုယုံသည်တော့ ကုမ္ပဏီ၏အဖွဲ့ဝင်များအတွက် နေ့စဉ်လေ့ကျင့်မှုများ စီစဉ်ရန် ဟောင်ကောင်တွင်နေခဲ့သည်။ နည်းပြလျိုက သူ၏လက်အောက်ငယ်သားသုံးယောက်ကို ခေါ်လာခဲ့သည်။ သူက ချီစွမ်းအားမာစတာဖြစ်ပြီး သူ၏လက်အောက်ငယ်သားများက အထွတ်အထိပ်အဆင့်တွင်ရှိသောကြောင့် အပျက်အစီးသို့ ဝင်ရောက်ရန် လုံလောက်သည်။

"ပုံမှန်အားဖြင့် အမွေအနှစ်ရဲ့ဧရိယာက အတော်လေးကျယ်တယ်။ အဲဒါက ဒီ အဆင့် အမွေအနှစ်တစ်ခုဆိုတော့ အထွတ်အထိပ်အဆင့်နဲ့အထက် လူတိုင်း ဝင်နိုင်တယ်ဆိုရင်တောင် ငါတို့ သတိထားသင့်တယ်" ဇီလုံက သူတို့အား လေးလေးနက်နက် သတိပေးသည်။ "အထဲမှ ဘာရှိသလဲ ဘယ်သူမှ မသိသေးဘူး။ ကျိန်စာသင်္ဘောကြီးလဲ ရှိသေးတယ်။ အဲဒါကိုတွေ့ရင် သင်္ဘောနဲ့ ဝေးဝေးမှနေရမယ် ပြီးတော့...."

သူက ကျန်းဟန်ကိုကြည့်ပြီး တုံ့ဆိုင်းစွာ ပြောသည်။ "မစ္စတာကျန်း ဇီယန်ကို ခေါ်သွားချင်တာ သေချာရဲ့လား။ အပျက်အစီးထဲကို ဝင်လိုက်တာနဲ့ ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် မဆုံနိုင်ဘူးလေ။ မင်းတို့ တစ်ယောက်တစ်နေရာစီ ကွဲသွားပြီး အန္တရာယ်တောင်ကြုံရနိုင်တယ်။ ရှောင်ယန်က သိုင်းပညာရှင်မဟုတ်ဘူး။ တစ်ခုခုမှားသွားရင် မင်း တစ်သက်လုံးနောင်တရနေလိမ့်မယ်"

"စိတ်မပူပါနဲ့ ဦးလေးလုံ။ ကျွန်တော် သူ့ကို ဘယ်လိုလုပ် အန္တရာယ်အဖြစ်ခံနိုင်မှာလဲ။ သေချာပေါက် ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်" ကျန်းဟန်က ပြုံးကာ ပြောသည်။

"ဒါဆိုလည်း ကောင်းပြီလေ" ကျန်းဟန် ဘာလုပ်မည်မှန်း မသိသဖြင့် ဇီလုံ အားတင်းကာပြုံးလိုက်သည်။ အပျက်အစီးနေရာထဲသို့ တစ်စုံတစ်ယောက်က အခြားတစ်ယောက်ကို ခေါ်သွားနိုင်ကြောင်း သူ တစ်ခါမှ မကြားဖူးချေ။ သို့သော် ကျန်းဟန်က အရာရာကို စီစဉ်နိုင်သည့်ပုံရပြီး အလွန်ယုံကြည်မှုရှိနေသဖြင့် ဇီလုံက ကျန်းဟန်၏ကိစ္စကို ဝင်မစွက်ဖက်တော့ချေ။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိNơi câu chuyện tồn tại. Hãy khám phá bây giờ