စာစဉ်(၃၅) အပိုင်း(၁)

200 13 0
                                    

[စာစဉ်(၃၅) အပိုင်း(၁)] အခန်း(၄၀၂-က) လှုပ်ရှားဆောင်ရွက်ခြင်း(၁)

ကျန်းဟန်၏စကားကြောင့် လူတိုင်း အသက်ရှူလေးသွားကြသည်။

သူတို့ စိတ်ပျက်မှုကြားမှ မျှော်လင့်ချက်ရောင်ခြည်ကို တွေ့ခဲ့ရပြီးမှ စိတ်ပျက်မှုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ယခု သူတို့ မျှော်လင့်ချက်လေးထွက်ပေါ်လာပြန်သည်။

သူတို့၏မျက်နှာအမူအရာကို မည်သို့ထားရမှန်းမသိတော့။

ကျန်းဟန်သည် သူတို့၏မျိုးဆက်သစ်သားသမီးများထဲမှ တစ်ဦးဖြစ်ခဲ့ပါက "မင်း စကားကို တစ်ခါတည်းဆုံးအောင်ပြောလို့မရဘူးလား" ဟု အော်ငေါက်မိပေလိမ့်မည်။

သို့သော် ဤပုဂ္ဂိုလ်မှ သူတို့၏မျိုးဆက်သစ်လူငယ်များထဲမှ တစ်ယောက်အဖြစ် သွယ်ဝိုက်၍ မှတ်ယူထားကြသော်လည်း သူက ဂရန်းမာစတာနောက်ပိုင်းအဆင့်ဖြစ်သည်။ မည်သူက သူ့အား အငယ်တစ်ယောက်လို အော်ငေါက်ရဲမည်နည်း။

ကျန်းဟန်သည် တကယ့်သိုင်းပညာရှင် ဟုတ်မဟုတ် မသိကြသော်လည်း ဝမ်မင်၏မိတ်ဆက်မှုနှင့် ကျန်းဟန်၏စွမ်းဆောင်ရည်ကို ယုံကြည်ကြသည်။

အားလုံးက ဝမ်ကျန်းဖန်းကို စိတ်ပူနေကြသည့်အတွက် ကျန်းဟန်က အရမ်းငယ်လွန်းနေသည်ကိုပင် အံ့ဩထိတ်လန့်မိကြခြင်း မရှိကြချေ။

လူတိုင်း၏အကြည့်အောက်တွင် ကျန်းဟန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီအစီအစဉ်ကို ဖြေရှင်းဖို့နည်းလမ်း မသိပေမယ့် အဲဒါကို ကျုပ် ချိုးဖျက်နိုင်တယ်"

"ဒါပေမယ့် လိုအပ်ျက်တွေက နည်းနည်းကြမ်းတယ်" ကျန်းဟန်က ဆက်ပြောသည်။ "ယင်ဝိဉာဉ်တစ်ခုနဲ့ ထိပ်တန်းအရည်အသွေး ကျောက်စိမ်း ၉၉ ခုလိုတယ်။ ည ၁၁ နာရီ ၅၅ မိနစ် အမီ ဒီကိုပို့ပေးရမယ်။ ပြီးရင် ကျုပ် သူ့ကို ကယ်လို့ရပြီ။ မဟုတ်ရင်တော့ သူ့ရဲ့နာရေးကို ပြင်ဆင်ထားလိုက်တော့"

ရုတ်တရက်ဆိုသလို...

သူပြောပြီးသည်နှင့် ရှိနေသည့်လူများအားလုံး အံ့ဩသွားကြသည်။ "ယင်ဝိဉာဉ်လား"

"ယင်ဝိဉာဉ်ကို ကမ္ဘာပေါ်မှ တစ်ခါမှ မတွေ့ဖူးဘူး။ ဒီလိုအချိန်တိုအတွင်းမှာ..." ဝမ်လျန် စိတ်ပျက်အားလျော့သွားပြန်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now