စာစဉ်(၃၇) အပိုင်း(၆)

164 11 0
                                    

[စာစဉ်(၃၇) အပိုင်း(၆)] အခန်း(၄၂၁-ဂ)ညီမလေးလာမည်(၃)

တံခါးဝမှ ထွက်လာပြီးနောက် ကျိုးဖေးက သိချင်စိတ်ပြင်းစွာဖြင့် ပတ်ပတ်လည်အား လိုက်ကြည့်သည်။ "လန်ယဲ့နဲ့ တခြားသူတွေ ဘယ်ရောက်သွားတာလဲ"

"ငါဒီကိုရောက်လာတော့ သူတို့ကို နေ့လည်စာပြန်စားဖို့ ပြောလိုက်တာ" ကျန်းဟန်က ပြန်ဖြေသည်။

"ဪ"

အောက်ထပ်သို့ ဆင်းလာပြီးနောက် ပန်ဒါကားပေါ် တက်လိုက်ကြသည်။ သူတို့ စားသောက်ဆိုင်သို့ ပြန်ရောက်သည့်အချိန်တွင် နှစ်နာရီထိုးပြီဖြစ်သည်။

မင်းသမီးလေးမှာ သူတို့အား စိတ်မရှည်စွာဖြင့် မျှော်နေခဲ့၏။ သူတို့အား မြင်သည့်အခါ သူမလေး မကျေမနပ်ဖြင့် ပြောသည်။ "ဖေဖေ မြန်မြန်ပြန်လာမယ်ဆိုပြီး ဘာလို့ နောက်ကျနေတာလဲ"

ကျန်းဟန်နှင့် ဇီယန်တို့ သူမလေးအား မိနစ်အတော်ကြာ ချော့မော့ပြီးနောက် မုန့်မုန့်သည် သူတို့နှင့်အတူ လဆန်းတေင်သို့ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။

နေ့လယ်ခင်းတွင် ကျန်ရှိသည့်ဆေးပင်များကို ဆေးအိုးသုံးအိုး သန့်စင်သည်။

စုစုပေါင်း ဆေးလုံး ၁၀၁ လုံးနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ဆေးလုံးငယ် တစ်ခုံး ရရှိသည်။

ခြောက်နာရီထိုးခါနီးဖြီဖြစ်သဖြင့် သူတို့အားလုံး စားသောက်ဆိုင်သို့ ပြန်လာကြသည်။

လမ်းတွင် ဇီယန်နှင့် ကျိုးဖေးက ကျန်းဟန်ချက်ပြုတ်နေစဉ် သူတို့ လဆန်းပင်လယ်ကွေ့ရှိ အသံသွင်းစတူဒီယိုသို့သွားကြပြီး သီချင်းကို အပြီဂသတ်အသံသွင်းရန် စီစဉ်ခဲ့သည်။

သူတို့ သီချင်းသွင်းရန် စတူဒီယိုသို့သွားမည်ဖြစ်ကြောင်း သိရှိသည်နှင့် ကျန်းဟန်က သာမန်စားသုံးသူများအတွက် အစားအသောက်ကို အရင်ဆုံး ချက်ပြုတ်လိုက်သည်။

ခုနှစ်နာရီထိုးခန့်တွင် ဟော့ပေါ့အတွက် ပါဝင်ပစ္စည်းအများအပြားကို ကျောက်ဖုန်း လာပို့၏။ ဗီအိုပီအဖွဲ့ဝင်များမှာ ဟော့ပေါ့စားရသည်ကို အလွန်ကျေနပ်ကြသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now