စာစဉ်(၃၉) အပိုင်း(၉)

131 16 0
                                    

[စာစဉ်(၃၉) အပိုင်း(၉)] အခန်း(၄၄၁) ရှေးဟောင်းအမွေအနှစ်သို့သွားခြင်း

မြူခိုးဖြူသည် သုံးကြိမ်လှုပ်ခါသွားပြီးနောက် ဂရန်းမာစတာလျိုသည် ရှေ့ကိုစိုက်ကြည့် ကိုးစက္ကန့်အတွင်း အသက်သုံးကြိမ်ရှူသွင်းပြီး ထွက်သက်ရှူထုတ်လိုက်သည်။

သူသည် လေထဲ မီတာဝက်အမြင့်မှ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး စုလုံအား လှည့်ကြည့်ကာ အလေးပြု၍ ပြောသည်။ "ဒါက ဒီ(D)အဆင့် အမွေအနှစ်ပဲ။ နာရီ ၂၀ ဝန်းကျင် ပွင့်ရမှာ။ ပြင်ပအားရဲ့ဝင်တိုက်မှုကြောင့် ကျိုးပျက်သွားပြီးတော့ ၁၀ နာရီလောက် ပွင့်လိမ့်မယ်"

သူ၏မှတ်ချက်ကို ကြားသည်နှင့် တပြိုင်နက် သိုင်းပညာရှင်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။

စုလုံက ပြုံးကာ သူ၏လက်အောက်ငယ်သားတစ်ဦးကိုကြည့်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "လေနက်ကျွန်းရဲ့ ရှေးဟောင်းအမွေအနှစ်က မကြာခင်ပွင့်တော့မှာဆိုတော့ အထွတ်အထိပ်အဆင့်နဲ့ အထက် သိုင်းပညာရှင်တွေအားလုံး စူးစမ်းလေ့လာဖို့ သွားနိုင်တယ်လို့ ကြေငြာလိုက်။ ဧရာမသင်္ဘောကြီးရဲ့အကြောင်းကို အသေးစိတ်ပြောပြပြီး သူတို့ကို အဲဒါနဲ့ ဝေးဝေးနေဖို့ မင်းသတိပေးလိုက်ပါ"

"ဟုတ်ကဲ့"

ထိုလူက အလေးပြုပြီး တာဝန်ကို ကြေငြာရန် ဖုန်းကို ထုတ်လိုက်သည်။

"ဒါရိုက်တာကျန်း ဒီလိုအချိန်မှာ ကျုပ်တို့ကို ကူညီပေးလို့ကျေးဇူးတင်ပါတယ်။ အခု အရမ်းနောက်ကျနေပြီဆို‌တော့ အချိန်မရွေးအနားယူလို့ရပါတယ်။ အမွေအနှစ်က မနက်ဖြန် ကိုးနာရီလောက်မှ ပွင့်မှာပါ။ မင်း စိတ်ဝင်စားတယ်ဆိုရင် ဒီကိုလာခဲ့ပေါ့" စုလုံက ကျန်းဟန်ကိုကြည့်ကာ ပြုံး၍ ပြောသည်။

"အင်း ကောင်းပြီလေ။ ကျုပ်ကို အမွေအနှစ်အကြောင်း အသေးစိတ်ပြောပြပေးပါလား။ ကျုပ် ဒီအကြောင်းကို မကြားဖူးဘူး" ကျန်းဟန်က ပေါ့ပေါ့ပါးပါးပြောသည်။

"ဟမ် မင်း အမွေအနှစ်တွေအကြောင်းကို မသိဘူးလား" စုလုံက ထိတ်လန့်သွားပြီး ခေါင်းကိုခွယမ်းလိုက်ကာ ပြုံး၍ ဆိုသည်။ "ကျုပ်မင်းကို အသေးစိတ်ပြောပြမယ်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now