စာစဉ်(၃၅) အပိုင်း(၆)

183 11 0
                                    

[စာစဉ်(၃၅) အပိုင်း(၆)] အခန်း(၄၀၅-ခ) ယွဲ့ဝူဝေ(၂)

"အိပ်ခန်းကို ပြန်သွားရအောင်။ ပြီးတော့ ဒီအိပ်ရာခင်းတွေက...." အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကြောင့် အိပ်ရာခင်းများမှာ တွန့်ကြေကုန်သည်ကို ကြည့်ပြီး ဇီယန်သည် သွားကြားမှ လျှာလေးထုတ်ကာ ပြောလိုက်သည်။ "ကျွန်မတို့ အိပ်ခန်းထဲကို ယူသွားလိုက်"

"အိုကေ"

ကျန်းဟန်က ပြုံးကာ ဇီယန်ကို ပွေ့ချီလိုက်ပြီး အိပ်ရာခင်းများကို ဆွဲကာ အိပ်ခန်းဆီသို့ တိတ်တိတ်လေး ပြန်သွားခဲ့သည်။

အစက ကျန်းဟန်သည် ဇီယန်နှင့် ထပ်၍နေချင်နေသေးသည်။ ယခု သူတို့ ပုံစံအနည်းငယ် အသုံးပြုခဲ့ပြီးဖြစ်သော်လည်း နောက်ထပ်ပုံစံအသစ်များ တစ်ခုပြီးတစ်ခု စမ်းကြည့်ချင်သေးသောကြောင့်ပင်။ သို့သော် အစောပိုင်း ဖုန်းဝင်လာသည်က သူ၏စိတ်ခံစားချက်ကို အနည်းနှင့်အများ သက်ရောက်စေခဲ့သည်။

ထို့ကြောင့် ပုံမှန်အတိုင်း အတူတူအိပ်လိုက်ကြတော့သည်။

နောက်တစ်နေ့ ခြောက်နာရီထိုးတွင် မုန့်မုန့် နိုးလာ၏။

သူမ မျက်လုံးလေးများကို အိပ်မှုန်စုံဖွားဖြင့် ဖွင့်ပြီး ပတ်ပတ်လည်ကို လိုက်ကြည့်သည်။ သူမလေး ပါးစပ်မဟရသေးခင်မှာပင် ကျန်းဟန် မျက်လုံးဖွင့်လာပြီး သူမလေးအား မြင်သွားကာ နူးညံ့စွာ ပြုံးပြလိုက်သည်။

"ရှူး"

ကျန်းဟန်က နှုတ်ခမ်းပေါ် လက်ညှိုးတင်က တိုးတိုးဟု ပြလိုက်သည်။

"အင်း တိတ်တိတ်လေးနေ" မုန့်မုန့်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်သော ဇီယန်ကို လှမ်းကြည့်လိုက်ပြီးနောက် သူမ၏လက်သေးသေးလေးများကို ဆန့်ကာ ကျန်းဟန်အား တိတ်တိတ်နေရန် ပြန်ပြသည်။

ကျန်းဟန်သည် သူမလေးအား ကုတင်ကြီးပေါ် ချီသွားပေးလိုက်ပြီး အသံတိုးတိုးဖြင့် အတူတူကစားနေကြသည်။

မုန့်မုန့်၏အသံကြောင့် ခဏအကြာတွင် ဇီယန်နိုးလာတော့သည်။

ဟိုးယခင်က ဇီယန်သည် မုန့်မုန့်ကို အမြဲတမ်းစိတ်ပူနေမိသည့်အတွက် အိပ်ရာပေါ်၌ အနည်းငယ်လှုပ်ရှားမိသည်နှင့် သတိပြုမိကာ ချက်ချင်းနိုးလာတတ်သည်။ ယခုမူ ကျန်းဟန်၏ရင်ခွင်ထဲတွင် အိပ်ပျော်ရသည့်အချိန်တိုင်း သူမ စိတ်သက်သာရာရသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိحيث تعيش القصص. اكتشف الآن