စာစဉ်(၃၅) အပိုင်း(၁၂)

172 10 0
                                    

[စာစဉ်(၃၅) အပိုင်း(၁၂)] အခန်း(၄၀၈-ဂ) အဆုံးသတ်အောင်ပွဲ(၃)

မော်တော်ယာဉ်တန်း ဖြတ်သွားသည့်အခါ သူတို့၏နောက်ကျောများ အေးစက်သွားသလိုပင် ခံစားလိုက်ကြရသည်။

"ဘယ်လိုသိုင်းပညာရှင်မျိုးက ရှန်းချီထျန်ကို အလွယ်တကူ အနိုင်ယူနိုင်မှာလဲ"

"အသိသာကြီးပဲလေ... သူက ကြောက်ဖို့ကောင်းတဲ့နောက်ခံရှိတဲ့သူဖြစ်မှာ"

သူ၏စွမ်းရည်သည် သူတို့အား ကြောက်စရာကောင်းသးည့် မြင့်မြတ်ဂိုဏ်းကြီးမှလာသူတစ်ယောက်ဟု ခံစားရစေသော်လည်း ဘယ်ဂိုဏ်းကလဲဆိုသည်ကိုတော့ သူတို့ မသိကြချေ။

ကျန်းဟန်သည် ဂိုဏ်းတစ်ခုလုံးကို သူကိုယ်တိုင် အနိုင်ယူနိုင်၏။

တချိန်တုန်းက သူသည် ကျင့်ကြံခြင်းလောက၏ဘုရင်တစ်ပါးဖြစ်ခဲ့ပြီး ထိပ်တန်းဂိုဏ်းကြီးဆယ်ခုကို အနိုင်ယူခဲ့သည်။ သဘာဝကျစွာပင် ထိုလူများက ၎င်းကို မသိခဲ့ကြချေ။

ကျန်းဟန်သည် သူကိုယ်တိုင်ပင် သူ့အတိတ်အား မကြာခဏ ပြန်စဉ်းစားလေ့မရှိချေ။ အတိတ်ကို အတိတ်အဖြစ်သာ ထားလိုက်သည်။

ယခုအချိန်တွင် သူ၏ဘဝအစ်ကိုသာာ ပိုမိုနှစ်ခြိုက်ပြီး သူ့တွင် အိမ်ဆိုသည့်အရာရှိနေ၍ ၎င်းကို ပို၍တန်ဖိုးထားနှစ်သက်သည်။

ထိုနောက်တွင် လူများသည် ဝမ်မိသားစုအား လှမ်းကြည့်လိုက်ရာ သူတို့ ဆိုင်ယန်မြူခိုးတောင်ပေါ်သို့ တက်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့ စိတ်ခံစားချက်များဖြင့် သက်ပြင်းချလိုက်ကြ၏။

"ဝမ်မိသားစုက ဒီလိုအင်အားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်ကနေရှာတွေ့လာတာလဲ"

"သူက ရှန်းချီထျန်ကို အလွယ်လေးအနိုင်ယူလိုက်တာ။ အရမ်းကြောက်ဖို့ကောင်းလွန်းတယ်"

သို့သော် ဝမ်မိသားစုသည် တောင်ပေါ်သို့သွားရာလမ်းတွင် တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်အား သူတို့မသိခဲ့ကြ။

"ရှန်းချီထျန်က နှစ်ဝက်အတွင်း ငါတို့ကို တိုက်ခိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီနောက်ကျရင် ဘာဖြစ်မှာလဲ"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now