စာစဉ်(၃၁) အပိုင်း(၁၄)

169 9 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၁၄)

အခန်း(၃၇၉)အမှန်ပြောမလားလုပ်မလား(Truthor Dare)

ဦးတည်ရာမှာ ဟိုင်ဖုန်းယွမ် အစားအသောက်တန်းဖြစ်သည်။ ဗစ်တိုးရီးယားပန်းခြံအနား ပင်လယ်ကွေ့အနီးတွင် တည်ရှိပြီး လူစည်ကာ ပင်လယ်လေညှင်းခံရင်း ရှုခင်းများကို ခံစားနိုင်သည်။

လျန်ဟောင်နှင့် လျန်မုန့်ချီတို့ နာရီဝက်ကျော် စကားတပြောပြောနှင့် ကားမောင်းလာခဲ့ပြီး ထိုနေရာသို့ ရောက်သည့်အခါ ၁၁ နာရီ ထိုးခါနီးနေပြီဖြစ်သည်။ ယခုအချိန်သည် လူများ သွားလာဝင်ထွက်နေကြသဖြင့် စည်ကားနေဆဲဖြစ်သည်။

ဟိုင်ဖုန်းယွမ်အစားအသောက်တန်းသည် မသေးလှချေ။ အတွင်းပိုင်းနှင့် အပြင်ဘက် နှစ်ခုစလုံးရှိပြီး ပြင်ပဧရိယာသည် ၎င်း၏အဓိကအင်္ဂါရပ်ဖြစ်ကာ ပို၍နာမည်ကြီးသည်။ ထိုနေရာတွင် လူနှစ်ယောက်၊ လူလေးယောက်၊ လူခြောက်ယေဦက် အသီးသီးထိုင်နိုင်သည့် စားပွဲရှည်များရှိပြီး လူပို၍ထိုင်နိုင်သည့် လေးထောင့်စားပွဲကြီးများလည်းရှိသည်။

သူတို့ ရောက်သွားသည့်အချိန်တွင် စားပွဲထိုးက နှုတ်ဆက်သည်။

"ကြိုဆိုပါတယ်။ အထဲမှနေရာလွတ်ပါတယ်။ အပြင်မှာတော့ နေရာမလွတ်တော့ပါဘူးဗျ။ ဒါမဟုတ် ၁၀ မိနစ်လောက် စောင့်နေလို့လည်း ရပါတယ်ဗျ"

"ဒါဆို ကျွန်မတို့ စောင့်လိုက်မယ်" လျန်မုန့်ချီက တန်း၍ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ။ ဒီဘက်ကိုကြွပါဗျ။ ခဏလေးစောင့်ပေးပါနော်" စားပွဲထိုးက သူတို့အား အခန်းထဲသွားခေါ်သွားပြီး စောင့်ဆိုင်းသည့်နေရာတွင် ထိုင်ခိုင်းသည်။ သူတို့အရှေ့တွင် လူ သုံးဦးရှိနေပြီး သုံးမိနစ်ခန့်အကြာတွင် သူတို့ နေရာရသွားကြသည်။ ခုနှစ်မိနစ် ရှစ်မိနစ်ခန့်ကြာသည့်အခါ လျန်မုန့်ချီတို့မောင်နှမလည်း စားပွဲတစ်လုံးရသွား၏။

သူတို့ ဘေးတံခါးမှ ထွက်လာပြီးနောက် အပြင်ဘက်ဧရိယာသို့သွားကာ နှစ်ယောက်ထိုင်ထမင်းစားစားပွဲတွင် ထိုင်လိုက်ကြသည်။ အော်ဒါမှာပြီးနောက် လျန်ဟောင်က ပတ်ဝန်းကျင်အား လိုက်ကြည့်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now