စာစဉ်(၃၅) အပိုင်း(၅)

179 8 0
                                    

[စာစဉ်(၃၅) အပိုင်း(၅)] အခန်း(၄၀၄-ခ) တောင်တန်းနှင့်မြစ်ပြင်များအလံ(၂)

သူတို့လူစုမှာ စကားပြောရင်းဖြင့် စားသောက်ဆိုင်သို့ ရောက်လာကြသည်။ ၎င်း၏ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်၏။ သူတို့ အစားအသောက်များကို စားသုံးကြသည်။

၁၀ မိနစ်ခန့် အနားယူပြီးနောက် အပန်းဖြေဥယျာဉ်သို့ ပြန်သွားကာ ရေကစားခန်းထဲသို့ ဝင်သွားကြသည်။ ပန်းခြံသည် ကလေးများရေကစားသည့်နေရာ၊ ရေလွှာလျှေစီးရေကန်၊ ရေလျှောလမ်း စသည်ဖြင့် ရေကစားစရာ ဒါဇင်ချီ၍ရှိသည်။

ဤခရီးစဉ်၏အဓိကအချက်မှာ မုန့်မုန့်အား အချိန်ကောင်းလေးရစေဖို့ ဖြစ်ပြီး မင်းသမီးအတွက် သင့်တော်သင့် စီးနင်းစရာအချို့ကို ရွေးချယ်ကာ စမ်းကြည့်စေခဲ့သည်။ သူတို့ တစ်ဝက်ခန့် မပြီးခင်မှာပင် မှောင်လာပြီဖြစ်၏။ ပန်းခြံမှာ ကိုးနာရီတွင် ပိတ်သော်လည်း သူတို့ ခြောက်နာရီတွင် အိမ်ပြန်လာခဲ့ကြသည်။

မုန့်မုန့်သည် အချိန်လေးပိုင်ဆိုင်ခဲ့ရပြီး ကျေနပ်စွာဖြင့် ပြန်လာခဲ့သည်။

ဝမ်မိသားစုစံအိမ်သို့ ရောက်သည့်အခါ ဝမ်ကျန်းဖန်းက ဒေသအစားအစာအချို့ကို ချက်ပြုတ်ပြီးနေပြီဖြစ်သည်။

ဝမ်ကျန်းဖန်းနှင့် သူ၏မိသားစုဝင်များအားလုံး စားပွဲတိုင် အတူထိုင်နေကြ၏။ ထမင်းမစားခင်တွင် ဝမ်ကျန်းဖန်းက ကျန်းဟန်အား လေးနက်စွာဖြင့် ကျေးဇူးတင်စကားပြောသည်။

ယုံကျားရှင်း၏ ဤဆွေမျိုးများအကြောင်း လူအများက သိလာသည့်အခါ ဝမ်ကျန်းဖန်းကို ကယ်တင်ခဲ့သူမှာ သူ ဖြစ်ကြောင်း သိရှိသွားကြ၏။

လူတိုင်းက သူတို့၏အသွင်ပြင်ကိုပြောင်းလဲလိုက်ပြီး ပိုမိုယဉ်ကျေးလာကာ ပို၍လေးစားမှုပြလာကြသည်။

ထမင်းစတင်စားကြ၏။ ခဏအကြာတွင် ဝမ်ကျန်းဖန်းသည် ကျန်းဟန် စားပြီးလုနီးနေသည်ကို သတိပြုမိသွားသည်။ သူက ကျန်းဟန်အား စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီး "ရှောင်ဟန် ငါ ခြံထဲမှာ အကောင်းစားတာဟုန်ဖောင်လက်ဖက်ရည် တစ်အိုးပြင်ထားတယ်။ သွားပြီး မြည်းစမ်းကြည့်ရအောင်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိOnde histórias criam vida. Descubra agora