စာစဉ်(၃၇) အပိုင်း(၁၂)

166 11 0
                                    

[စာစဉ်(၃၇) အပိုင်း(၁၂)] အခန်း(၄၂၅-ဂ)သန့်စင်ခြင်း(၃)

"ဒါက ကျွန်တော့်ကောင်မလေး လျိုရှားရှားပါ။ ဒါက ဇီရှီးယာ၊ ဒါက ယုဝေ" ယွမ်လဲ့က ပြောသည်။

"တွေ့ရတာ ဝမ်းသာပါတယ်" ပိုင်မင်က ပြုံးကာ ခေါင်းညိတ်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်" မိန်းကလေးများကလည်း ပြန်ပြောသည်။

"အစ်ကိုမင် ရှီးယာက အခုထိ စင်ဂယ်ပဲနော်။ သူ့ရဲ့နှလုံးသားကို အနိုင်ယူနိုင်မလား ကျွန်တော်တို့ လောင်းနေကြတာ" တတိယအစ်ကိုက ပြုံး၍ ပြောသည်။

"အိုး ငါလည်း မင်းတို့နဲ့ပါဝင်ရမှာပေါ့။ လူကြီးလူကောင်းတိုင်းက မိန်းမလှလေးကို ချစ်ကြတာပဲ" ပိုင်မင်က ရယ်မောသည်။

"အစ်ကိုမင်သာ ကျွန်တော်တို့နဲ့ပါရင် ကျွန်တော်တို့ အခွင့်အရေးမရှိတော့ပါဘူး" ပဉ္စမအစ်ကိုက အားတင်းပြုံးကာ ပြောသည်။

ဇီရှီးယားမှာ ယခု ပြုံးခဲလေသည်။ စနောက်မှု တစ်ခု နှစ်ခုက အဆင်ပြေသော်လည်း သူမအား ဟာသများစွာလုပ်နေသည်က အနည်းငယ် စိတ်မရှည်ဖြစ်စေသည်။

ပိုင်မင်သည် သူတို့အားကြည့်ကာ ဘာတွေဖြစ်နေလဲ သိလိုက်သည်။ ထို့ကြောင့် သူက ပြုံးကာ ပြောလိုက်သည်။ "ကောင်းပြီ။ စနောက်နေတာ တော်ကြရအောင်။ နေ့လယ်စာစားပြီးရင် ပင်လယ်ကမ်းခြေပန်းခြံကို သွားကြရအောင်။ ညနေက ကမ်းခြေကလပ်မှာ ယွမ်လဲ့ရဲ့မွေးနေ့ကို ကျင်းပဖို့ ငါ ဘွတ်ကင်လုပ်လိုက်မယ်"

စနောက်မှုကို များများမပြောသင့်ကြောင်း သူသိရှိပြီး ဇီရှီးယာကို လိုက်ရန် မလွယ်ကူကြောင်းလည်း သူ တွေ့ရှိခဲ့သည်။ ၎င်းက သူ၏စိတ်ဝင်စားမှုကို နှိုးဆွခဲ့သည်။

သို့သော် သူ ယွမ်လဲ့ကိုကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။

ဒီကောင်က မိန်းကလေးနှစ်ယောက်ကို တစ်ပြိုင်တည်း တွဲနေတာ တကယ်တော်တယ်။ သူ့ကောင်မလေးက ချောသားပဲ...

မြောင်လီသာ အမှန်တရားကို သိသွားရင် သူ ဒုက္ခရောက်လိမ့်မယ်...

ဤကိစ္စ၏ကြီးထွားနိုင်မှုကို သူ ကောင်းကောင်းသိသည်။ မြောင်လီသည် လူသစ်ကလေးနှင့် ချိန်းတွေ့ရသည်ကို သဘောကျသော ရင့်ကျက်သည့်မိန်းကလေးဖြစ်သည်။ သူမ ယွမ်လဲ့နှင့် တစ်ကြိမ် အီစီကလီလုပ်ပြီး ကောင်လေးက သူမအား ချက်ချင်း ချစ်မိသွားခဲ့တယ်။ မြောင်လီအား ယွမ်လဲ့ မထိန်းချုပ်နိုင်သည်က သနားစရာကောင်းသည်။ သူမက လမ်းခွဲရန်သဘောမတူပါက ယွမ်လဲ့ အလောတကြီးလုပ်ရဲမည်မဟုတ်ချေ။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now