စာစဉ်(၃၂) အပိုင်း(၄)

157 8 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၄)

အခန်း(၃၈၁-ခ)ဒါရိုက်တာလာနေပြီ(၂)

"သူမက တကယ်အရိုင်းဆန်တဲ့မိန်းကလေးပဲ"

လျန်ဟောင်သည် အလုပ်လုပ်နေသည့်ကျန်းလီကိုကြည့်လိုက်ပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ကို တွေ့လိုက်ရသည်။

"လီလီက စင်ပေါ်မှာ အရမ်းမိုက်တာပဲ" လျန်မုန့်ချီက ပြုံးလိုက်သည်။

"..."

နာရီဝက်ကျော်ထိုင်ပြီးနောက် ၁၂ နာရီခွဲတွင် သူတို့ ထကာ ထိုနေရာမှာ ထွက်လာခဲ့ကြသည်။

ချူဟွေ့က သူ့အိမ်သို့ပြန်သွားပြီး လျန်ဟောင်က လျန်မုန့်ချီနှင့် လဆန်းပင်လယ်ကွေ့ရှိ သူမငှားထားသော ပင်လယ်ရှုခင်းတိုက်ခန်းသို့ လိုက်သွားသည်။

တိုက်ခန်းသည် ၁၀၀ စတုရန်းမီတာကျော်ကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်းပါရှိကာ သူတို့နှစ်ယောက်နေရင် အဆင်ပြေပေသည်။

"တစ်နာရီကျော်နေပြီ။ မနက်ဖြန် မနက်စာမစားရတော့ဘူး။ ဟေး အစ်ကို ငါအိပ်တော့မယ်နော်။ မနက်ကျရင် မနှိုးနဲ့။ ဗိုက်ဆာရင် အောက်ထပ်သွားစားလိုက်" လျန်မုန့်ချီက အိပ်ခန်းထဲမဝင်ခင် ပြောသွားသည်။

လျန်ဟောင်က ဆိုဖာပေါ်တွင် ထိုင်နေ၏။ သူခေါင်းကိုယမ်းကာ ပြုံးလိုက်ပြီး ထိုနောက် ဒုတိယအိပ်ခန်းသို့ ပြန်သွားခဲ့သည်။

ညတာသည် တိတ်ဆိတ်စွာဖြင့် ကုန်ဆုံးသွားခဲ့၏။

နောက်တစ်နေ့တွင် လျန်ဟောင် မနက်ခြောက်နာရီ၌ အိပ်ရာနိုးလာသည်။

ကိုယ်လက်သန့်စင်ပြီးနောက် အားကစားဝတ်စုံဝတ်ကာ လမ်းပေါ်ပြေးရန် အောက်သို့ဆင်းလာခဲ့သည်။

ဒါက သူ၏အကျင့်ဖြစ်သည်။

သူ လမ်းနှစ်လမ်းကို ဖြတ်ပြေးပြီးနောက် မနက်စာရနိုင်သည့်နေရာတော်တော်များများကို တွေ့ခဲ့ရသည်။ သူ ခဏလောက်စဉ်းစားကာ တံခါးရှေ့တွင် ရပ်လိုက်သည်။ ထိုနောက် ဖုန်းကိုထုတ်ကာ "မုန့်မုန့်အပန်းဖြေရာစားသောက်ဆိုင်၊ လဆန်းပင်လယ်ကွေ့၊ ဟောင်ကောင်" ဟု ရှာဖွေလိုက်၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now