စာစဉ်(၃၄) အပိုင်း(၁၁)

154 11 0
                                    

[စာစဉ်(၃၄)အပိုင်း(၁၁)]အခန်း(၃၉၉-ခ)ငါယွဲ့ဝူဝေကို ရှာနေတာ(၂)

"ကျွန်တော်က အိမ်မှာပဲ မုန့်မုန့်ကို အချိန်ပြည့်ဂရုစိုက်ပေးနေပါတယ်"

"အိမ်တွင်းပုန်းအဖေလား" ဝမ်မင် ချက်ချင်းပင် အံ့အားသင့်သွားပြီး နှုတ်ခမ်းများ အနည်းငယ်တုန်ခါသွားပြီး ကြောက်လန့်စရာခန့်မှန်းချက်တစ်ခု သူ့စိတ်ထဲ ဝင်လာသည်။

လမ်းဆုံတွင် မီးနီပြနေ၏။ ဝမ်မင် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး တုံ့ဆိုင်းစွာဖြင့်ပြောသည်။

"မင်း ရှောင်ဟန် မင်း ဇီယန်ရဲ့မိသားစုထဲကို လက်ထပ်ဝင်ခဲ့တာလား"

အစက ကျန်းဟန်အား ဇီယန်ကြောင့် မြင့်တက်လာခဲ့သလားဟု မေးချင်ခဲ့သော်လည်း ၎င်းက ရိုင်းရာကျသည်။ ထို့ကြောင့် စကားကို ပြန်လည်ပြင်ပြောခဲ့သည်။

"အမ်"

ကျန်းဟန်လည်း အနည်းငယ် အံ့အားသင့်သွားပြီး ဝမ်မင်၏ဆိုလိုရင်းကို နားလည်သွားသည့်အခါ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ကျန်းဟန်သည် ထိုရယ်စရာမေးခွန်းကို ဖြေမနေတော့ဘဲ ခေါင်းကိုသာ ခါယမ်းလိုက်၏။

သို့သော် ကျန်းဟန်၏ တိတ်ဆိတ်မှုက ဝမ်မင်အား သူ့အတွေးမှန်ကန်သည်ဟု ထင်သွားစေခဲ့သည်။ ကျန်းဟန်က ပြန်လည်မချေပသည့်အတွက် လက်ခံသည်ဟု ထင်မှတ်လိုက်၏။

"ဟူး...." ဝမ်မင် သက်ပြင်းချလိုက်သည်။ "ရှောင်ဟန်ရဲ့ ဘဝက မလွယ်ကူဘူးပဲ"

"မင်းအဒေါ်က မင်းကို အရမ်းအကောင်းမြင်ထားတာ။ မင်းအကြောင်း ခဏခဏပြောတယ်။ တို့မိသားစုက ထိပ်တန်းတော့မဟုတ်ပေမယ့် ရှီးဟန်မှာ ငါတို့က နာမည်ကောင်းနဲ့ လွှမ်းမိုးမှုတချို့ရှိတယ်။ ရှောင်ဟန် မင်းအဒေါ်ရဲ့စကားကို မင်း စဉ်းစားတာ ပိုကောင်းမယ်။ နောက်မှ နဲ့ မင်း ဇီယန်ရဲ့အိမ်ကို သွားလည်မယ်...."

တစ်နည်းအားဖြင့်ဆိုသော် ဝမ်မင်သည် ကျန်းဟန် ဇီယန်တို့မိသားစုထဲသို့ လက်ထပ်ဝင်ရန် ခက်ခဲခဲ့သော်လည်း သူ၏နှင့် က သူ့အတွက် ခိုင်မာစွာ ရပ်တည်ပေးကြောင်း နှစ်သိမ်ခြင်းပင်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now