စာစဉ်(၃၈) အပိုင်း(၂)

126 9 0
                                    

[စာစဉ်(၃၈) အပိုင်း(၂)] အခန်း(၄၂၇-ခ) ငါတို့သူဌေးရဲ့နည်းလမ်းအတိုင်း(၂)

သူက မည်သူ့ကိုမျှ အကြောင်းပြချက်မပေးချေ။

သူသတ်ချင်လာလျှင် ထိုလူများအား သူ သတ်ပစ်လေသည်။

ထိုအချက်ကြောင့် ဟောင်ကောင်အထက်တန်းလွှာများသည် အကြင်နာမဲ့သည့် ကျန်းအား ရန်စစော်ကားမည့်အစား ဟောင်ကောင်တစ်မြို့လုံးကိုသာ ရန်စလိုက်ချင်တော့သည်။

အကြောင်းအရင်းမှာ သူက အလွန်ရက်စက်လွန်းသောကြောင့်ဖြစ်သည်။ သူ၏နာမည်ကျော်ကြားလာမှု လမ်းခရီးတစ်လျှောက်တွင် မသန်မစွမ်းကင်းမြီးကောက်မှလွဲ၍ သူ့အား ရန်စမိသည့်လူတိုင်း သေဆုံးသွားခဲ့ရသည်။

သို့သော် ကင်းမြီးကောက်မှာ အလွန်ကံကောင်းသောကြောင့်သာ လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သူတို့ မသိခဲ့ကြချေ။

သူ၏ခွန်အား တိုးတက်လာသည်နှင့်အမျှ မာစတာ၏ဒေါသမှ ပို၍ပို၍ ဆိုးလာသည်။

ကျောက်ဖုန်း၏စကားကို ကြားသည့်အခါ လီခွန်း သူ့နှုတ်ခမ်းများကို လှုပ်ကာ တစ်ခုခုပြောရန် ကြိုးစားသည်။ သို့သော် နောက်ဆုံး၌ သူ ဘာမှမပြောတော့ဘဲ ပျော်ရွှင်စွာဖြင့် မေ့လဲသွားသည်။

၎င်းကိုမြင်တော့ ကျောက်ဖုန်း အသာခေါင်းယမ်းလိုက်၏။ ထိုနောက် သူ ဇီရှီးယာကို ကြည့်ကာ ပြုံး၍ မေးသည်။ "တခြား ဘယ်သူ မင်းကို အနိုင်ကျင့်သေးလဲ"

"ကျွန်မ..." ဇီရှီယာ စိတ်ရှုပ်ထွေးလွန်းသဖြင့် ထိုခဏ၌ ဘာမှ မမှတ်မိတော့။

"အဲဒါပဲပေါ့။ သွားကြစို့" ကျောက်ဖုန်းက ပြုံးကာ ဇီရှီးယာ၏ခေါင်းကို ပုတ်လိုက်ပြီး အရင်ဆုံး ထွက်လာခဲ့သည်။

ပိုင်မင်၊ ယွမ်လဲ့နှင့် သူတို့၏သူငယ်ချင်းများမှာ စိတ်မသက်မသာဖြင့် နောက်မှ လိုက်လာကြ၏။ အနည်းဆုံးတော့ သူတို့ ကယ်တင်ခံခဲ့ရသည်။

သူတို့နောက်မှ လူများအားလုံးကတော့ စိတ်သက်သာရာရသွားကြသည်။

အထူးသဖြင့် ဇီရှီးယာအား အလွန်လှပသည်ဟု ဟာသလုပ်ခဲ့သည့် ခပ်ဝဝလူပင်။ ကံကောင်းစွာဖြင့် ဇီရှီးယာက သူ့အား အပြစ်မပေးခဲ့ချေ။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now