စာစဉ်(၃၁) အပိုင်း(၅)

185 15 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၅)

အခန်း(၃၇၃)ရတနာစံအိမ်

ခံ့ညားထည်ဝါသည့် အဆောက်အဦးမှာ လဆန်းပင်လယ်ကွေ့၏ စီဘီဒီအဆောက်အဦးနှင့် အသွင်အပြင်ဆင်တူပြီး ရဲယူနီဖောင်းဝတ်ဆင်ထားသည့် လူနှစ်ယောက်က အမူအရာကင်းမဲ့စွာဖြင့် မတ်တပ်ရပ်ကာ စောင့်ကြပ်နေသည်။

"ဖေဖေ ဒါက ဖေဖေပြောတြ့ အလုပ်လုပ်တဲ့နေရာလား" မုန့်မုန့်က သိချင်စိတ်ဖြင့် မေးလိုက်ပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ လှည့်ပတ်ကြည့်နေသည်။

"အင်း" ကျန်းဟန်က ခေါင်းညိတ်သည်။

မုန့်မုန့်အား သူ၏လက်မောင်းပေါ် ချီထားရင်း အလိုအလျောက်ပွင့်သည့် အော်တိုတံခါးရှေ့တွင် ရပ်တန့်လိုက်ပြီး တံခါးဘေးနှစ်ဖက် ပွင့်လာသည်။

ကျန်းဟန် တံခါးဝမှ ဝင်လာပြီး ခန်းမထဲသို့ လှမ်းကြည့်လိုက်ရာ ဝင်ထွက်နေသည့်ဝန်ထမ်းအချို့မှလွဲ၍ လူအနည်းငယ်ကို တွေ့လိုက်ရသည်။

ကျန်းဟန်သည် အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်လိုက်ပြီး မည်သည့်လမ်းအမှတ်အသားမျှ မတွေ့ရချေ။ ထို့ကြောင့် သူ ပိုနီတေးနှင့်ကောင်မလေးထိုင်နေသည့် ဘယ်ဘက်ရှိ ဆားဗစ်ကောင်တာသို့ တည့်တည့်လျှောက်သွားလိုက်သည်။

"ဟဲလို" ကျန်းဟန်က ကောင်မလေးအား နှုတ်ဆက်သည်။

"ဟိုင်း" ပိုနီတေးနှင့်ကောင်မလေးက လှည့်ကြည့်လိုက်ရာ မုန့်မုန့်အား မြင်သွားသည်။ "ဝိုး" နတ်သမီးလေးအား ချိုမြိန်သည့်အပြုံးတစ်ခုပေးလိုက်သကဲ့သို့ သူမ၏မျက်လုံးများ တောက်ပသွားသည်။

"ဟဲလို မမ" မုန့်မုန့်က ကောင်မလေးအား ချစ်စဖွယ်အမူအရာဖြင့် နှုတ်ဆက်သည်။

"ဟဲလို နတ်သမီးလေး" ပိုနီတေးကောင်မလေးက ပြုံးမြဲပြုံးနေသည်။

"ရတနာစံအိမ်ကို ဘယ်လိုသွားရမလဲဗျ" ကျန်းဟန်က တန်း၍မေးသည်။

"အမ်" ပိုနီတေးကောင်မလေးမှာ ရုတ်တရက် အေးခဲသွားပြီး မေးသည်။ "ဘာရတနာစံအိမ်လဲ"

"အဲဒါရဲ့ နာမည်က ရတနာစံအိမ်လေ။ အဲဒါက ဒီမှာ မဟုတ်ဘူးလား" ကျန်းဟန် စိတ်ရှုပ်ထွေးသွေးသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now