စာစဉ်(၃၆) အပိုင်း(၂)

186 11 0
                                    

[စာစဉ်(၃၆) အပိုင်း(၂)] အခန်း(၄၁၁-ခ) လှည့်ပတ်ကြည့်ရှုခြင်း(၂)

"ရှောင်ဟန်က တော်တော်ချမ်းသာတဲ့ပုံပဲ" ယုံကျားရှင်းက ပြောသည်။

"အင်း ဟုတ်တယ်" ကျောက်ဖုန်းက ပြန်ဖြေသည်။

တကယ်တော့ ကျန်းဟန်၏ပိုင်ဆိုင်မှုက ထိပ်တန်းသူဌေးကြီးများလောက် အများချေ။ သူသည် ငွေကို ပေါ့ပေါ့ပါးပါးနှင့် အမှိုက်လိုသဘောထားကာ သုံးပစ်နေခြင်းဖြစ်သည်။

ကျောက်ဖုန်းသည် မကြာသေးမီက ကျန်းဟန်၏ခိုင်းစေမှုကြောင့် ငွေကို အရူးအမူးသုံးခဲ့ရသည်။ ပြန်လည်တည်ဆောက်ရေး၊ ကုန်ကြမ်းပစ္စည်းများ၊ ကားဝယ်ယူခြင်း စသဖြင့်ပင်။ ကုမ္ပဏီက မဖွင့်ရသော်လည်း ၎င်းတို့၏အရင်းအနီးမှာ ယွမ် သန်း ၆၀၀ အတွင်းရှိပြီး ပရောဂျက်အားလုံးက နောက်ဆက်တွဲ ရင်းနီးမြှုပ်နှံ့မှုများ လိုအပ်နေသေးသည်။ ထို့ပြင် ကျန်းဟန်သည် လေယာဉ်နှစ်စင်းဝယ်ရန်ပင် စီစဉ်ခဲ့သည်။ သို့သော် ကျန်းဟန်တွင် ငွေအလုံအလောက်ရှိရဲ့လားကို ကျောက်ဖုန်း မသိချေ။ ကံကောင်းထောက်မစွာဖြင့် ကျန်းဟန်က မနက်ဖြန်တွင် ရတနာများကို ရှာဖွေမည်ဟု ပြောခဲ့သည်။ ကျန်းဟန်ကိုယ်တိုင် စီစဉ်ခဲ့ခြင်းဖြစ်၍ ယခုတစ်ကြိမ်တွင်‌ ငွေအမြောက်အများ ပိုမိုရရှိမည်ကို ကျောက်ဖုန်း သိရှိသည်။

"ဒါက စီဘီဒီအဆောက်အဦးဖြစ်ခဲ့တာ။ လျိုချင်းဖုန်းက အဲဒါကို ဝယ်လိုက်ပြီးတော့ နောက်ပိုင်းမှာ သူဌေးဆီကို ရင်းနှီးမြှုပ်နှံ့မှုအဖြစ် ပေးလိုက်တယ်။ သူက အဆောက်အဦးမှာ ရှယ်ယာနည်းနည်းးပိုင်တယ်" ကျောက်ဖုန်းက ပြောသည်။

"လျိုချင်းဖုန်းလား" ဝမ်မင် အံ့အားသင့်သွားသည်။ လျိုချင်းဖုန်းက ဘယ်သူလဲဆိုတာ သူသိနေသည့်အတွက် ပြုံး၍ ခေါင်းယမ်းလိုက်သည်။ "သူသာ ရှောင်ဟန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုထိန်းသိမ်းထားနိုင်ရန် သူ ဒီထက်ပိုပြီး ဖြစ်ထိန်းနိုင်မှာ"

"ဒုတိယထပ်နဲ့ တတိယထပ်က လေ့ကျင့်ရေးကွင်းဖြစ်ပြီးတော့ သတ္တမထပ်နဲ့ နဝမထပ်က လူနေဧရိယာတွေပါ" ကျောက်ဖုန်းက မိတ်ဆက်ပေးသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now