စာစဉ်(၃၈) အပိုင်း(၇)

138 7 0
                                    

[စာစဉ်(၃၈) အပိုင်း(၇)] အခန်း(၄၃၁-ခ) ဘာတွေဖြစ်နေတာလဲ(၂)

သူ့သမီးအား ခိုးယူသွားသည့်ကောင်ကို သူ သဘောမကျဖြစ်နေတုန်းပင်။

"အင်း ရှင်က မုန့်မုန့်ကို ရှင့်မြေးအဖြစ် အသိအမှတ်မပြုချင်ဘူးလို့ ဆိုလိုတာလား" ရွှီရှင်းယုက သူမနှင့် နှစ်ပေါင်းများစွာအတူနေလာခဲ့သော ခင်ပွန်းဖြစ်သူအား ကောင်းကောင်းသိသည်။ သူ့အား စကားတစ်ခွန်းတည်းဖြင့် ချုပ်လိုက်၏။

ဇီချန်း၏အသံမှာ များစွာပို၍ တိုးသွားပြီး အနေရခက်စွာ ပြောလိုက်သည်။ "ဒီလိုချစ်ဖို့ကောင်းတဲ့ကလေးလေးကို ငါ့မြေးအဖြစ် သေချာပေါက် အသိအမှတ်ပြုတာပေါ့။ ဒါပေမယ့် အဲဒီ ကျန်းမျိုးရိုးနဲ့ကောင်ကိုတော့ ငါ သူ့ကို စစ်ဆေး စမ်းသပ်ရဦးမယ်"

ရွှီရှင်းယုသည် အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်ပြီး ဒုန်လင်းအား ကြည့်၍ ပြောလိုက်သည်။ "တကယ်တော့ သူ့ရဲ့ရုပ်ရည်အရ ကျန်းဟန်က တကယ်ယောက်ျားပီသပြီး ချောမောတယ်။ သူရဲ့အကျင့်စရိုက်က ဘယ်လိုရှိမလဲ ငါသိချင်တာ"

"ရှီးယာဆီက ငါကြားတယ်" ဒုန်လင်းက ပြုံး၍ ပြောသည်။ "သူက ထမင်းဟင်းချက်တတ်တယ်၊ ကလေးကိုလည်း သူကိုယ်တိုင်ပြုစုစောင့်ရှောက်တယ်၊ ကုမ္ပဏီကြီးတစ်ခုလည်းရှိတယ်။ ယွမ်သုံးဘီလီယံကျော်လည်း ငွေသားစုဆောင်းထားတာရှိတယ်တဲ့။ အဲဒါက သူတကယ် စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြနေတာ။ အရည်အချင်းရှိပြီး မိသားစုကို ဂရုစိုက်ပေးနိုင်တဲ့ယောက်ျားမျိုးက အရမ်းရှားတဲ့ယောက်ျားကောင်းတွေပဲ။ ရှောင်ယန်ရဲ့အမြင်ကို ငါယုံကြည်တယ်"

"ငါလည်း အဲဒါအမှန်လို့ မျှော်လင့်တယ်။ သူက လူလိမ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ရှီးယာလို အတွေ့အကြုံမရှိတဲ့မိန်းကလေးက သူ့ရဲ့မျက်နှာဖုံးကို မြင်နိုင်မှာလား။ သူရောက်လာရင် ငါအဲဒီကောင်ကို သေချာပေါက် စမ်းသပ်ရမယ်" ဇီချန်းက သက်ပြင်းချသည်။

သူတို့ စကားပြောနေကြစဉ် လူအုပ်ကြီးထံမှ အာမေဋိတ်သံများကို ကြားလိုက်ရသည်။

"ချန်ကျွင်းစီးပွားရေးလုပ်ငန်းရဲ့ ဥက္ကဌ မစ္စတာလင်း ရောက်လာပြီ"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now