စာစဉ်(၄၀) အပိုင်း(၁)

125 7 0
                                    

[စာစဉ်(၄၀) အပိုင်း(၁)] အခန်း(၄၄၅-က) ပိုသန်မာတဲ့သူဆိုတာအမြဲတမ်းရှိနေတယ်(၁)

"ဒါက ဧရိယာအကျယ်ကြီးပဲ"

ပတ်ဝန်းကျင်ကိုကြည့်ရင်း မြူဆိုင်းနေသည့်သစ်ပင်ခြောက်များရှိနေသည့်ဧရိယာက မီတာ ၆၀ ၇၀ သာမြင်နိုင်သော အဖြူထည်ကြီးဖြစ်လာသည်ကို နည်းပြလျို တွေ့ရှိသွားသည်။ ရုတ်တရက် သူ အံ့အားသင့်သွားပြီး "ဒါနဲ့ သူဌေး။ ငါ ဒီကိုရောက်တဲ့အချိန်က သတ္တုချင်းပွတ်တိုက်သံကို ကြားခဲ့တယ်။ အဲဒီအချိန်မှာ ငါ့ကို ဝိုင်းထားတဲ့ အရိုးစုစစ်သားငါးယောက်က အသံကြားပြီး ချက်ချင်းရပ်သွားတာ။ ပြီးတော့ သူတို့အားလုံးက တစ်ခုခုမြင်နိုင်သလိုမျိုး ဘယ်ဘက်ကို လှမ်းကြည့်လိုက်ကြသေးတယ်"

"ငါသိပြီ" ကျန်းဟန်က ခေါင်းညိတ်ပြီး ပြောသည်။ "အုီဲအသံက ကျိန်စာသင့်လှေကနေထွက်လာတာဖြစ်မယ်"

"ကျိန်စာသင့်လှေလား။ အာဏာပိုင်တွေပြောတဲ့ လှေလား။ သူဌေး မင်းအဲဒါကို မြင်ခဲ့တာလား" နည်းပြလျိုက သိချင်စိတ်ဖြင့် မေးသည်။

"အင်း ငါ နှစ်ခါမြင်ဖူးတယ်။ ငါ့ရဲ့လက်ရှိခွန်အားနဲ့ အဲဒါကို မစူးစမ်းရဲဘူး" ကျန်းဟန်က ပြန်ဖြေသည်။

"ဟူး ကြောက်စရာပဲ" နည်းပြလျို၏မျက်နှာအမူအရာမှာ ကြောက်ရွံ့မှုပုံစံဖြစ်သွားသည်။

တရားဝင်သတိပေးချက်က တကယ်ဖြစ်ပုံရတယ်။ သူဌေးက ဂရန်းမာစတာနောက်ပိုင်းအဆင့်ဆိုတာကို လူတိုင်းသိပေမယ့် အဲဒီသင်္ဘောကို မစူးရဲဘူး။ အဲဒီသင်္ဘောက... အရမ်းကြောက်စရာကောင်းလွန်းတယ်...

"အဲဒီသင်္ဘောကို ကျွန်မလည်း မြင်ဖူးတယ်" ဇီယန်က နည်းပြလျိုကို ကြည့်ကာ ပြောသည်။ "အဲဒါကြီးက အရွယ်အစားအကြီးကြီးပဲ။ လေယာဉ်တင်သင်္ဘောထက် နှစ်ဆလောက်ကြီးတယ်။ အရှည်က မီတာငါးရာ ခြောက်ရာလောက်ရှိပြီး အမြင့်က မီတာ တစ်ရာလောက်ရှိတယ်လို့ သူတို့ပြောကြတယ်။ သင်္ဘောက အနက်ရောင်ကြီး အထဲမှာ ဘာမှမရှိဘူး။ ဒါပေမယ့် အဲဒါကြီးက ပျံသန်းနိုင်တယ်။ သင်္ဘောက ပင်လယ်ထဲကနေ ပျံထွက်လာပြီး အမွေအနှစ်ရဲ့အကာအကွယ်အစီအရင်ကို ဝင်တိုက်မိလိုက်လို့ ကျွန်မတို့ ဒီကို ဝင်လာနိုင်တာ"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now