စာစဉ်(၄၀) အပိုင်း(၄)

107 11 0
                                    

[စာစဉ်(၄၀) အပိုင်း(၄)] အခန်း(၄၄၆-ခ) ကျားပါးစပ်ထဲမှအစာကို လုယူခြင်း(၂)

သူ၏နောက်ကျောမှရတနာများဖြင့်ဆိုလျှင် လူများစွာ၏အကြည့်များအား သူဆွဲဆောင်နိုင်သည်။ ထိုအချိန်တွင် ထိုလူများမှာ သူ့သူဌေးအား မြင်သွားပြီး သူ့တွင် ကျောထောက်နောက်ခံရှိကြောင်း သိသွားကြပေလိမ့်မည်။

အခြားသူများ၏မနာလိုသည့်အကြည့်များက နည်းပြလျိုအား အမြဲတမ်း စိတ်လှုပ်ရျားစေသည်။

"မစ္စတာကျန်း" ဇီဟူက ပြုံး၍ ကျန်းဟန်ကို နှုတ်ဆက်သည်။

မိသားစုတွင်းဆွေမျိုးအဆင့်အလိုက် ကျန်းဟန်ကို "ရှောင်ဟန်" ဟု သူခေါ်နိုင်သော်လည်း သူနှင့် ဇီလုံ နှစ်ယောက်စလုံးသည် ကျန်းဟန်က အလွန်အစွမ်းထက်သည်ဟု တွေးကြသည်။ သိုင်းပညာတွင် ဤအတိုင်းအတာထိ လေ့ကျင့်နိုင်ဖို့က မလွယ်ကူသည့်အတွက် သူ့အား လေးစားမှုပြကြ၏။ ထို့ကြောင့် သူတို့က ကျန်းဟန်အား မစ္စတာကျန်းဟုသာ ခေါ်ကြသည်။

ဇီယန်က သူတို့ကိုကြည့်ကာ မေးသည်။ "အန်ကယ်ဟူ အန်ကယ်တို့ ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလဲ"

ဇီဟူက ခေါင်းယမ်းကာ ပြောသည်။ "ငါတို့ ဒီကိုရောက်နေတာ နှစ်နာရီလောက်ကြာပြီ။ ဒါပေမယ့် နောက်ထပ်စူးစမ်းဖို့ နည်းလမ်းမရှိတော့ဘူး။ ညွန်အိုင်ထဲက ရတနာတွေကို ငါတို့ အာရုံခံနိုင်ပေမယ့် ယူလို့မရနိုင်ဘူး။ အခု ငါတို့ ဒီအမွေအနှစ်က အပြင်ကိုအလိုလျောက်ပြန်ထုတ်ပေးမယ့်အချိန်ကို စောင့်နေကြတာ"

"တစ္ဆေတွေအများကြီးပဲ" ဇီယန်က မရေမတွက်နိုင်သော ဖောက်မြင်နိုင်သော လူပုံသဏ္ဍာန် တစ္ဆေများရှိရာ ညွန်တော၏အစွန်းကို ကြည့်လိုက်သည်။ ၎င်းတို့က အပြင်ဘက်သို့ လက်လှမ်းနေကြပြီး ကမ်းစပ်ရှိလူများကို ထိရန်ကြိုးစားနေသည်ကိုပင် သူမ မြင်နိုင်သည်။

ညွန်အိုင်ထဲတွင် တစ္ဆေသရဲများရှိနေပြီး မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေရာ အနည်းငယ် ကြောက်စရာကောင်းနေသည်။

"ဒီအခြေအနေမှာ ဘယ်သူမှ ညွန်တောထဲကို မဝင်ရဲမှာ စိုးမိတယ်။ အဖိုးတန်ပစ္စည်းတွေက ညွန်တောရဲ့အောက်မှာ ရှိနိုင်တာသေချာတယ်။ ဒါပေမယ့် ညွန်တောရဲ့မျက်နှာပြင်ပေါ်တောင် မသွားရဲတာ အောက်ထဲဆို ပြောနေစရာကိုမလိုတော့ဘူး" ဇီဟူက ကူရာမဲ့စွာ ခေါင်းယမ်းသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now