စာစဉ်(၃၇) အပိုင်း(၁၄)

281 14 2
                                    

[စာစဉ်(၃၇)အပိုင်း(၁၄)] အခန်း(၄၂၆-ဂ) လီကျန်း(၃)

မြောင်လီက တစ်ချက်နှာခေါင်းရှုံ့လိုက်ပြီး "သူတို့ကို‌ ခေါ်လာခဲ့"

"ခဏနေပါဦး" ပိုင်မင်က ရှေ့သို့နှစ်လှမ်းတိုးကာ လျိုရှားရှားနှင့် အခြားသူများရှေ့တွင် ရပ်ပြီး "မြောင်လီ ငါ့သူငယ်ချင်းက အရမ်းမူးနေလို့ပါ။ တစ်ခုခုနားလည်မှုလွဲနေတာရှိရင် သူတို့ အမူးပြေတဲ့အထိ စောင့်ပေးပါလား"

"ပိုင်မင်လား" မြောင်လီ အံ့ဩသွားပြီး ပြုံးကာ ပြောလိုက်သည်။ "မာစတာပိုင် စိတ်မကောင်းပါဘူး။ ကျွန်မ သဘောမတူနိုင်ဘူး"

"ဟမ်" ပိုင်မင်၏မျက်လုံးများက မြောင်လီအား စိုက်ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ငါက မင်းအစ်ကိုနဲ့ အဆင့်အတန်းချင်းအတူတူပဲ။ ငါ့ကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ...

"မြောင်လီ။ မင်းငါ့ကို မသိဘူးလား။ ဒီနေ့ သူတို့ကို ငါခေါ်လာတာ။ ဒါကြောင့် ငါ သူတို့ကို ပြန်ခေါ်သွားပေးရမှာပဲ။ ငါ မင်းအစ်ကိုနဲ့ ပြဿနာမဖြစ်ချင်ဘူး။ နားလည်မှုလွဲတာရှိရင် မနက်ဖြန်မှာ ပြောကြတာပေါ့" ပိုင်မင်က စိတ်မရှည်စွာ ပြောသည်။

သူသည် ဤလူများအား ဘေးကင်းစွာ ပြန်ခေါ်သွားလိုကြောင်း မြင်နိုင်သည်။ သူ့တွင် သူ့ကိုယ်ပိုင်စည်းမျဉ်းရှိကြောင်း ပြသနေ၏။

"ဟားဟားဟား...." မြောင်လီက ရုတ်တရက် ရယ်မောလိုက်ပြီး ပိုင်မင်အား အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ "မာစတာပိုင် ကျွန်မ ရှင့်ကို အထင်မသေးပါဘူး။ ဒါပေမယ့် ကျွန်မအစ်ကိုက အခု မာစတာလီ လီခွန်းနဲ့ အတူသောက်နေတာ။ ကျွန်မ အခုပဲ မာစတာလီကို လူတချို့ခေါ်လာမယ်လို့ ပြောခဲ့တာ။ ဒါပေမယ့် ရှင်က ဒီလူတွေကို ခေါ်သွားချင်တယ်ပေါ့။ ကောင်းပြီ ကျွန်မ သဘောတူတယ်။ ဒါပေယ့် မာစတာလီ မပျော်မရွှင်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ပြီးမှ ကျွန်မ ရှင့်ကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့"

"ဟမ်" ပိုင်မင် စိတ်ရှုပ်ထွေးသွားသည်။

"ဝှစ်"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိHikayelerin yaşadığı yer. Şimdi keşfedin