စာစဉ်(၃၂) အပိုင်း(၇)

151 10 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၇)

အခန်း(၃၈၃-က)တိုးပွားလာသည့်စားသောက်ဆိုင်မန်ဘာများ(၁)

သူတို့ တောအုပ်ထဲမှ အသက်ရှူကြပ်မတတ် ပြေးထွက်လာကြသည်။

"အူး ငါ့နဖူး ပေါက်သွားပြီလားမသိဘူး"

ဝမ်ချီရှန်သည် နဖူးကိုစမ်းလိုက်ရာ လက်သည်းခွံခန့်ရှိသည့် အဖုတစ်ခုကို စမ်းမိပြီး အနည်းငယ် နာကျင်သွားသည်။

သို့သော် ယခုအချိန်တွင် မည်သူ့မျှ သူ့အား ဂရုမစိုက်နိုင်ကြချေ။ ထိုအစား ဟောဟဲလိုက်ကာ အော်ဟစ်ကြသည်။

"အဲဒီခွေးက အရမ်းရက်စက်တာပဲ"

"အကိုက်ခံလိုက်ရလို့ကတော့ သေချာပေါက် ဒုက္ခရောက်မှာ"

"..."

သူတို့ ခဏလောက်စကားပြာပြီးနောက်တွင်တော့ လျူမုံ့က တုံ့ပြန်လာပြီး ဝမ်ချီရှန်ဆီ အမြန်ပြေးသွားသည်။ "ဥက္ကဌဝမ် အဆင်ပြေရဲ့လား။ ပြန်ပြီးတော့ ဆရာဝန်ကို ဆေးထည့်ခိုင်းရအောင်"

"သွားကြရအောင်"

ဝမ်ချီရှန်က မျက်မှောင်ကြုတ်ကာ ချောင်လောလောနှင့် အခြားသူများကို ကြည့်၍ "တောင်းပန်ပါတယ်။ ကျုပ်အရင်ပြန်ဖို့လိုနေလို့။ ကျုပ်ရဲ့ပျက်ကွက်မှုအတွက် ခွင့်လွှတ်ပေးကြပါ"

ထိုနောက် ကားပေါ်သို့ တက်ကာ တန်း၍ ထွက်သွားတော့သည်။

"ငါတို့လည်း သွားကြမယ်"

ဆံပင်တိုလူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မောင်းထွက်သွားသည်။

ချောင်လောလောက နှာခေါင်းရှုံ့ကာ "ကားပေါ်တက်"

သူမနှင့် သူမ၏လက်အောက်ငယ်သားများလည်း Bentley ကားပေါ်သို့ တက်သွားကြသည်။

"ဟောင်ကောင်က သူ့လိပ်စာကို တစ်ရက်အတွင်း ရအောင်ရှာပါ" ချောင်လောလောက လဆန်းတောင်အား ခံစားချက်များဖြင့် ကြည့်လိုက်သည်။

မြေယာဌာနသို့ ပြန်သည့်လမ်းတွင် ဝမ်ချီရှန်သည် ဆေးရုံသို့ အရင်သွားသည်။ ဆရာဝန်က သူ၏နဖူးကို သက်သာစေရန် ဆေးနှစ်မျိုးပေးခဲ့ပြီး သတိထားရမည့်အရာများကို ပြောပြသည်။ ထိုနောက် ဝမ်ချီရှန်သည် မြေယာဌာနသို့ ပြန်သွားခဲ့၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now