စာစဉ်(၃၉) အပိုင်း(၁)

161 6 0
                                    

[စာစဉ်(၃၉) အပိုင်း(၁)] အခန်း(၄၃၆) နေ့ကောင်းရက်မြတ်ရွေးကြစို့

"ဝှစ်"

ဇီချန်း၏စကားကိုကြားတော့ ဇီယန် ရှက်သွေးဖြာသွားပြီး သူမ၏မျက်တောင်ရှည်လေးများက လှပသည့်မျက်လုံးဝိုင်းလေးများကို တဖျပ်ဖျပ်ခတ်လိုက်သည်။ သူမ ဇီချန်းအား မျက်စောင်းထိုးလိုက်ပြီး ရှက်ရွံ့စွာဖြင့် ကွန်ပလိန်းတက်သည်။

"အဖေ ကိုယ်သမီးကိုယ် တခြားယောက်ျားနဲ့လက်ထပ်ဖို့ ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ"

"ဒါပေါ့ ငါအလျင်လိုတာပေါ့ဟ။ ငါ့မြေးလေးက ကြီးနေပြီလေ" ဇီချန်းက မျက်လုံးကျဉ်းမြောင်းလိုက်ပြီး ကျန်းဟန်အား စိုက်ကြည့်လိုက်သည်။

မင်း ငါ့သမီး သိမ်းယူသွားတာ ကြာပြီလေ။ ဘာလို့ အခုမှလာပြီး လက်ထပ်ခွင့်တောင်းရတာလဲ...

အရင်လုပ် ပြီးမှ သတင်းပို့ဆိုတာမျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး။ တခြားလူငယ်တွေဆိုရင် မိန်းကလေးဗိုက်ကြီးတာနဲ့ သူတို့မိသာတွေကို ပြောပြကြတာ မင်းသိလား...

ထိုမေးခွန်းများကို သူ မေးပစ်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။

သို့သော် ကျန်းဟန်၏ပုံရိပ်အာလုံးကို သတိရသွားပြီး ဤတစ်ကြိမ်တွင် သူ ၎င်းကို ထုတ်မပြောနိုင်ကြောင်း သိလိုက်သည်။ ဟထားသည့်သူ့ပါးစပ်ကို ပြန်ပိတ်လိုက်ပြီးနောက် ဇီချန်းသည် မုန့်မုန့်အားလှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"လာပါဦး မြေးလေး ဘိုးဘိုးကို ဖက်ပါဦး"

"ဟမ် ဟင့်အင်း" မုန့်မုန့်က ကျန်းဟန်၏ရင်ခွင်ထဲမှ သူမ၏လက်သေးသေးလေးများဖြင့် ဖေဖေ၏ခါးကို တင်းကြပ်စွာဖက်လိုက်ပြီး ခေါင်းယမ်းသည်။

ဇီချန်း၏အပြုံးမှာ အေးခဲသွားပြီး ကျန်းဟန်အား အကူအညီမဲ့စွာ ကြည့်လိုက်သည်။

ငါ့မြေးကို ငါချီချင်တယ်လေကွာ။ မင်း အဲဒါကို ဂရုစိုက်ပါ...

"အဲ.. မုန့်မုန့် သမီးဘိုးဘိုးကို ဖက်ခိုင်းလိုက်ပါ" ကျန်းဟန်က မုန့်မုန့်အား တိုးတိုးလေးပြောသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now