1---10

1K 48 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁) - ဒိုင်မေးရှင်း ခရီးသွား ဖြစ်ချင်လား။

"နောက်ဆုံးတော့လည်း အာဖရိက အကြီးအကဲ ဆိုတဲ့ နာမည်ပြောင်ရတာပဲ အဖတ်တင်တယ်။ ငါရထားတဲ့ SSR ကဒ်ကလည်း မျက်နှာနှစ်ခုရှိတဲ့ ဗုဒ္ဓ၊ ဌက်ညီအစ်မ ဒါမှမဟုတ် ရွှေလက်ချောင်း တစ်ခါမှ မရဘူး။ တော်ပြီ... ဒီဂိမ်းကို သေတောင် ထပ် မကစားတော့ဘူး"

လင်းဟွမ် ခံစားချက် ကင်းမဲ့နေသည်။ သူသည် မာစတာ XX ဂိမ်းကို ကစာလာခဲ့သည်မှာ တစ်နှစ်ခွဲ ရှိနေပြီ။ အဆောင်လက်ဖွဲ့ ထောင်ပေါင်းများစွာ ရခဲ့သော်လည်း SSRကဒ် ရရှိရန် မဆိုထားနှင့် ဌက်ညီအစ်မ သို့မဟုတ် ရွေလက်ချောင်းပါသော SRကဒ်တောင် မရခဲ့ပေ။ ကဒ်အပိုင်းအစများကို စုဆောင်းပြီး မဲဆယ်ခါ နှိုက်ခဲ့သော်လည်း မျှော်လင့်ချက် မရှိခဲ့။ တိုက်ပွဲများတွင် စတင် ရှုံးနိမ့်လာပြီး နာမည်ပြောင်ရလာကာ ဂိမ်းကို လုံးဝ စွန့်လွတ်လိုက်သည်။

ဂိမ်းဆော့ဝဲလ်တံဆိပ်အပေါ် လက်ချောင်း တင်ပြီး အသက် ပြင်းပြင်းလေး
တစ်ချက်ရှူလိုက်ကာ ဖျက်လိုက်သည်။ ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်သည့်အချိန်၌ တုန်ခါမှုကို ခံစားလိုက်ရသည်။ ထို့နောက် ဖန်သားပြင်ကို ကြည့်လိုက်သည်။ အလယ်တွင် ရွှေရောင် စာတစ်ခု ရှိပြီး ကျန်သည့်နေရာက မဲနက်နေသည်။

"ဒိုင်မေးရှင်းကို ဖြတ်ကျော်ပြီး ခရီးသွားချင်လား"

အောက်ခြေတွင် ရွေးချယ်ရန် ခလုတ်တစ်ခုသာ ထည့်ပေးထားသည်။

"YES"

ကြည့်ရသည်မှာ မြင်နေကြ အွန်လိုင်း ဂိမ်တစ်ခုနှင့် တူနေသည်။

"မအလပဲ YES လိုက်"

မာစတာXX ဂိမ်းကို ဖျက်လိုက်ပြီး ကတည်းက ဘယ်အွန်လိုင်း ဂိမ်းအသစ်ကိုမှ ဒေါင်းလုဒ်ဆွဲရန် စိတ်မပါတော့ချေ။ ဖုန်းပေါ်မှာရှိသော ဟုမ်း(home) ခလုတ်ကို နှိပ်လိုက်သည်။ ဖုန်းကို အိတ်ကပ်ထဲ ထည့်ရန် လုပ်လိုက်တဲ့စဉ် တုန်လာပြန်သည်။ ဖုန်းကိုကြည့်လိုက်လျှင် စောစောတုန်းက မြင်ကွင်းသာ ပြန်မြင်နေရသည်။

"တော်လိုက်တော့။ ဒီဖုန်းဂိမ်းက မဆုံးနိုင်တဲ့ အောကား ကြေငြာပါတဲ့ အွန်လိုင်းဂိမ်း တစ်ခုပဲ။ ဘယ်ကောင်က ဆော့ချင်မှာလဲ"

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now