831------840

94 13 0
                                    

အခန်း(၈၃၁) - မကောင်းဆိုးဝါး မိခင် သေစမ်း…..

ကံကြမ္မာ နန်းတော်သည် လေထုအလယ်တွင် တည်ရှိနေသော သာမန်အိမ်ကြီးတစ်လုံးနှင့် တူနေသည်။ ၎င်းတွင် အနီရောင်အမိုး၊ အဖြူရောင်နံရံများ ပါဝင်ပြီး အသစ်တစ်ခုကဲ့သို့ပင် ……

ကံကြမ္မာနန်းတော် ဖြစ်တည်လာပြီးနောက် ၎င်း၏ တံခါးက အလိုလိုပွင့်လာပြီး အထဲမှ လူသားပုံစံ မွန်းစတားများ ပြေးထွက်လာသည်။ အံ့သြစရာ အကောင်းဆုံး အချက်မှာ ထွက်ပြေးလာသည့် မွန်းစတားအားလုံးမှာ (၁၅) နှစ်အရွယ် ဆယ်ကျော်သက်များနှင့် တူနေကြသည်။။ ဤကဲ့သို့ မွန်းစတားများက    ထောင်ပေါင်းများစွာ  ရှိနေပြီး အနိမ့်ဆုံး တိုက်ခိုက်ရေးအဆင့်မှာ အင်မော်တယ်အဆင့် (၉)ပင် ။

အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးအဆင့် ရှိသူမှာ မကောင်းဆိုးဝါးမိခင်၏ ဘေးနားတွင် ရပ်နေပြီး ရွှေကြက်သွေးရောင်အဆင့်  ရှိ၏။

ထို့အပြင် အင်ပါယာအဆင့်လည်း အနည်းငယ် ရှိသေးသည်။   အားလုံးပေါင်း (၃)    ယောက်ပင်။ အင်ပါယာ ရွှေကြက်သွေးရောင်အဆင့် နှစ်ယောက်နှင့် အင်ပါယာ  ရွှေနက်ရောင်အဆင့်  တစ်ယောက် ဖြစ်သည်။

ကျန်သည့် မွန်းစတားများမှာ အင်မော်တယ်အဆင့် (၉)များ ဖြစ်ပြီး သန္ဓေနှစ်ကြိမ်ပြောင်း မွန်းစတားများ ဖြစ်ကြသည်။ သူတို့သည် မကောင်းဆိုးဝါးမိခင်၏ ချစ်လှစွာသော မွေးစားသားများပင် ။ ထူးဆန်းသည်မှာ သူတို့၏ ခန္ဓာကိုယ်မှ အသက်ရှင်နေသော သက်ရှိ အသွေ့အသက်များ   မထွက်တော့ပေ။

“အားလုံးကို  သတ်..”

မကောင်းဆိုးဝါးမိခင်ထံမှ ညွှန်ကြားချက် ရသည်နှင့် လူသားပုံစံရှိသော မွန်းစတားများသည် လင်းဟွမ်နှင့် မွန်းစတား (၃)ကောင်ထံ ချက်ချင်း ခုန်ဝင်ပြီး တိုက်ခိုက်လာကြသည်။

“ချောကလက်လေး..”

လင်းဟွမ်သည် သူ့ပြိုင်ဘက်များက သူ့ထက် အရေအတွက်   သာလွန်နေသည့် အချက်ကို မကြောက်ပေ။ ချောကလက်လေး၏ နဂါး မီးတောက်များနှင့်အတူ သူတို့၏ တိုက်ခိုက်ရေးအဆင့် လုံလောက်နေသ၍ ပြိုင်ဘက်အရေအတွက် ကွာခြားခြင်းမရှိပေ။ ဒါသည် အကျိုးမရှိသော ကြိုးစားအားထုတ်မှု တစ်ခုသာ…..

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now