241-----250

218 24 0
                                    

အခန်း(၂၄၁) - တိုက်ခိုက်ခြင်း။

လင်းဟွမ်သည် ရန်လင်း ပေးပို့လာသော ယောကျ်ားဓါတ်ပုံကို    မြင်ပြီးနောက်  စကား မပြောနိုင် ဖြစ်သွားသည်။ လင်းဟွမ်၏ဘေးခန်းတွင် တည်းခိုနေသော မိန်းမ မုဆိုး၏အဖော် ဖြစ်နေသည်။

ဝင်တိုက်မိသည့် အရပ်ရှည်သောလူ ဖြစ်သည်။ လင်းဟွမ်သည် အခန်း (၂၈)တွင် တည်းခိုပြီး ထိုမုဆိုးမိန်းမသည် အခန်း (၂၇) တွင် တည်းခိုသည်။ ဦးနှောက်စားသုံးသူကို ဝင်လုံးသော အမျိုးသားသည် အခန်း (၂၆) တွင်  တည်းခိုသည်။

“ခါးထိရှည်သော ဆံပင်က ဦးနှောက်စားသုံးသူ ဆိုတာ သူသိရဲ့လား ဒါမှမဟုတ် တစ်ညတာ တွေ့ဆုံမှုက တိုက်ဆိုင်တာလား”

အကယ်၍  ဒါသည်….

ယခင်ကလူကို ချက်ချင်း သတ်ပစ်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ဦးနှောက် စားသုံးသူ၏ လက်ခံကောင်လည်း ဖြစ်လာနိုင်သည်။ သူသည် ရွှေအဆင့် (၃) ဖြစ်ပြီး ကျန်းရီဟန် ထက်ပင် ပိုထူးချွန်နေသည်။

ထို့အပြင် ယခုအခါ ဦးနှောက် စားသုံးသူက သူမကိုလိုက်ရှာနေပြီ ဖြစ်ကြောင်း သိနေသဖြင့် သူမထံ ရောက်ရှိလာသော လက်ခံကောင်ကို လက်လွတ်ခံမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ လင်းဟွမ်က ဤကဲ့သို့ မဖြစ်လာအောင် တားဆီးနိုင်သည်။

လင်းဟွမ် တိတ်ဆိတ်နေသည်ကို မြင်လိုက်လျှင် ရန်လင်းက မေးလိုက်သည်။

“မင်းက သူ့ကို သိလို့လား။ အဲ့ဒီကောင်က ဘယ်သူလဲ”

ရန်လင်းသည် ကျားဖင်ခွေးလိုး ခံထားရသဖြင့် မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားနေသည်။

“သူက ငါ့ အခန်းဘေးမှာနေတဲ့ မုဆိုး တစ်ယောက်ပဲ။ ဓါတ်လှေကားထဲမှာ အရင်က တစ်ခါဆုံဖူးတယ်”

လင်းဟွမ်က ရှင်းပြလိုက်သည်။

“ဒါက တိုက်ဆိုင်မှုလား။ ဒါမှမဟုတ် သူမက ဦးနှောက် စားသုံးသူဆိုတာ သိတာ
လားတော့ မသိဘူး”

“သူမအကောင့်က ဆန်းသစ် ထားတဲ့ အကောင့်ဆိုတော့ သိဖို့ မဖြစ်နိုင်ဘူး။
သူမ အကောင့်ကို ဖန်တီးထားတာ နာရီဝက်တောင် မပြည့်သေးဘူး။ သူက ဒီလောက် မြန်မြန် ရှာတွေ့မယ်လို့ ငါတော့မထင်ဘူး။”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now