671--------680

163 22 0
                                    

အခန်း(၆၇၁) - စောက်ကျိုးနည်း.. မူကြမ်းသိမ်းဖို့ မေ့သွားတယ်။

ငြိမ်းချမ်းရေးသမုဒ္ဒရာသည် ကမ္ဘာ တစ်ခုလုံးတွင် တတိယမြောက် အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေ ဖြစ်သည်။ ဒါသည် အတုအယောင်ဇုန်နှင့် အသူရာချောက်ကမ်းပါး နောက်တွင် အဆင့် သတ်မှတ်ထားခြင်းပင် ။ ကမ္ဘာပေါ်တွင် အကြီးဆုံး သမုဒ္ဒရာဖြစ်ပြီး ဘေးကင်းရေးဇုန် (၁၂) ခု ရှိသည့်အနက် (၈) ခုနှင့်   ချိတ်ဆက်လျက်   ရှိသည်။

အဖွဲ့ခွဲ (၇) မှ မထွက်လာခင် မစ္စတာဖူး လေ့ကျင့်ပေးရန်   ခေါ်ဆောင်သွားသော  သမုဒ္ဒရာမှာ အဖွဲ့ခွဲ (၇) ရှိ    ငြိမ်းချမ်းရေး    သမုဒ္ဒရာ၏ အစိတ်အပိုင်းလေး ဖြစ်သည်။ အဖွဲ့ခွဲ (၃) သည် ငြိမ်းချမ်းရေး သမုဒ္ဒရာ၏ အရှေ့ဘက် ကမ်းရိုးတန်းနှင့် ချိတ်ဆက်ထားသည်။

ငြိမ်းချမ်းရေး သမုဒ္ဒရာသည် အသူရာချောက်ကမ်းပါး ဒုတိယအလွှာထက်ပင် ပိုအန္တရာယ် များသည်။ ဧရာမအကောင်ကြီးများထက် ပိုကြီးသော ပင်လယ်ဘုရင် မွန်းစတားများအပြင် ထိုအနီးအနား တစ်ဝိုက်တွင် အင်ပါယာအဆင့်  မွန်းစတားများလည်း  ရှိသေးသည်။

ငြိမ်းချမ်းရေး သမုဒ္ဒရာထဲကို ဖြတ်သန်း ဝင်ရောက်နိုင်သည့် ဆိပ်ကမ်းလေးခု ရှိသည်။ ဗစ်တိုးရီးယား ဆိပ်ကမ်းသည် ဓါးဖြူအဓိပတိ ရှိနေသည့်နေရာနှင့် အနီးဆုံး ဆိပ်ကမ်းဖြစ်ပြီး ရေမိုင် (၁,၆၀၀၀),  (ကီလိုမီတာ ၃၀,၀၀၀)  နီးပါး ကွာဝေးသည်။

လင်းဟွမ် ယခုလက်ရှိ ရှိနေသည့် နေရာမှ တောင်ဘက်ဗစ်တိုးရီးယား
ဆိပ်ကမ်းကို နတ်ဆိုး သလင်းကျောက် အာကာသယာဉ် စီးသွားရအုံးမည်။
အရှေ့ဖျားကျွန်းသည် နတ်ဆိုး သလင်းကျောက် အာကာသယာဉ် ဆိုက်ကပ်နိုင်သော အနီးဆုံးကျွန်းဖြစ်ပြီး ဓါးဖြူအဓိပတိနှင့် အနီးဆုံးနေရာလည်း ဖြစ်သည်။
သို့ရာတွင် ဓါးဖြူအဓိပတိ ရှိနေသည့် အမည်မသိ ကျွန်းနှင့်  ရေမိုင် (၈,၀၀၀) ကျော် ကွာဝေးနေသည့် အတွက် လင်းဟွမ်က သူ့ဘာသာသူ ပျံသန်းရအုံးမည်။

ညနက်  သန်းခေါင်ယံအချိန်….

လင်းဟွမ်သည် လမ်းကြောင်း ကြည့်ပြီးနောက် ဗစ်တိုးရီးယား ကျွန်းနှင့် အရှေ့များကျွန်းသို့ သွားမည့် လက်မှတ်များကို ဝယ်ယူပြီး မနက် (၁) နာရီတွင် ပစ္စည်းများကို ထုတ်ပိုးသိမ်းဆည်းကာ အောက်ထပ်တွင် မနက်စာ  စားပြီးနောက်  အခန်းအပြင်  ထွက်လာခဲ့သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now