521-----530

160 21 0
                                    

အခန်း(၅၂၁) - အနက်ရောင် ကျောက်တုံးကြီး၏ ထူးခြားသော လုပ်ဆောင်ချက်။

“ပြန်လည်မွေးဖွားခြင်း ကတ် - ဒီကတ်ကို အသက်သွင်းပြီးတာနဲ့ မွန်းစတားတွေက အစွမ်းထက်တဲ့ သွေးမျိုးဆက် ရနိုင်ခြေ များလာလိမ့်မယ်”

“မှတ်ချက် (၁) - မွန်းစတားကတ်ရဲ့ ရှားပါးမှု အဆင့်မြင့်တာနဲ့အမျှ အစွမ်းထက်တဲ့ မွန်းစတား သွေးမျိုးဆက် ရရှိနိုင်ချေ ပိုများတယ်”

“မှတ်ချက် (၂) မွန်းစတားရဲ့ ခန္ဓာကိုယ်ထဲမှာ ပါးလွှာတဲ့ သွေးမျိုးဆက် ဗီဇ အမှုန်အမွှားရှိရင် သွေးမျိုးဆက် နိုးထနိုင်ချေ  ပိုများတယ်”

“မှတ်ချက် (၃) အရင်းအမြစ် မသိရတဲ့ မွန်းစတားအမျိုးအစား အသစ် ဖြစ်နေရင် သွေးမျိုဆက်  ရနိုင်ချေ  နည်းပါးတယ်”

လင်းဟွမ်သည် ပြန်လည် မွေးဖွားခြင်းကတ်၏ အသုံးဝင်ပုံကို ဖတ်ကြည့်ပြီးနောက် စုန်းမကို စိုက်ကြည့်လိုက်သည်။ အတိအကျပြောရလျှင်  ယခုအခါ၌ သူမသည် နတ်ဆိုးစုန်းမ ဖြစ်နေပြီ။ မျှော်လင့်ချက် အရိုးဝိညာဥ်၏ ဖိနှိပ်ခြင်း ချိန်းကြိုးသည် အစွမ်းထက်သော ထိန်းချုပ်မှု စွမ်းရည်ဖြစ်သော်လည်း ဤကတ်ကို အသုံးပြုလိုက်ချိန်တွင် ထိုစွမ်းရည်က ပိုအစွမ်း ထက်လာမည်  မဟုတ်ပေ။

အခြား တစ်ဖက်တွင်မူ နတ်ဆိုးစုန်းမ၏ ထိန်းချုပ်မှုစွမ်းရည်မှာ  ပိုမို အားကောင်း လာနိုင်သည်။ ကတ်ကို အသုံးပြုခြင်းဖြင့် သူမ၏ စွမ်းရည်များကို ပိုမို မြှင့်တင်ပေးနိုင်လိမ့်မည်။  စွမ်းရည်များကို မည်မျှ မြင့်တင်ပေးနိုင်မည်ကို မသိသော်လည်း ထိန်းချုပ်နိုင်စွမ်းက အဆင့်တစ်ခုလုံး တိုးတက်လာစေနိုင်သည်။

လင်းဟွမ်သည် စေ့စေ့စပ်စပ် တွေးတောပြီးနောက် နောက်ဆုံး၌ ပြန်လည် မွေးဖွားခြင်းကတ်ကို နတ်ဆိုးစုန်းမ အပေါ်တွင် အသုံးပြုရန် ဆုံးဖြတ် လိုက်သည်။ ပစ်မှတ်များကို အတည်ပြုပြီးနောက် မျှော်လင့်ချက်   အရိုးဝိညာဉ်နှင့် တမန်တော် မိစ္ဆာတို့ကို ပြန်သိမ်းလိုက်သည်။ ထို့နောက် သူသည် ရုပ်ဆိုးနှင့်  သွေးရဲရဲလေးတို့ကို ဆင့်ခေါ်လိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now