591---------600

163 22 0
                                    

Ongoing မီပြီဖြစ်လို့​ 10ပိုင်းပြည့်မှ တစ်ခါတင်မှာမလို့ update က​ ခန့်မှန်းေခြ တစ်ပတ်ကိုတစ်ကြိမ်ဖြစ်ဖို့များပါမယ်၊

...
အခန်း(၅၉၁) - တိုက်……

"တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထား၊ ရုပ်သေး ရုပ်နွယ်ပင်  ဒီရောက်ဖို့ ဆယ်မိနစ်ပဲ လိုတော့တယ်။"

လင်းဟွမ်သည် သွေးရဲရဲလေး၏ သတင်း စကားအား သူတို့ကို ပြန်ပြောလိုက်
သည်။

"ဝင်ပေါက်မှာ မွန်းစတားတွေကို သတ်ဖို့ အစီအစဉ်အတိုင်းပဲ  လုပ်ကြမယ်"

ရီကျန်းက သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် မြေအောက် ပထမအထပ်ရှိ ဝင်ပေါက်အနားကို ပြန်လာကြကာ
ကြိုတင် တိုင်ပင်ထားသည့်အတိုင်း ဖွဲ့စည်းပုံ ဖွဲ့စည်း၍ ရုပ်သေးနွယ်ပင်
ရောက်လာမည့် အချိန်ကို စိတ်ရှည်စွာ  စောင့်ဆိုင်းနေကြသည်။

လင်းဟွမ်နှင့် လန်စန်လော့တို့က ရှေ့ဆုံးတွင် ရပ်နေပြီး ထိုနောက်တွင် လျန်ယု
ရှင်းနှင့် ရီကျန်းတို့ ရပ်နေသည်။ နောက်ဆုံး ရီရီယွီနှင့်လီလန်တို့က ဖွဲ့စည်းပုံအတိုင်း   ရပ်နေကြသည်။

"မှတ်ထားကြ၊ ရုပ်သေးနွယ်ပင်ရဲ့ ရုပ်သေးရုပ်တွေနဲ့ တိုက်ခိုက်တဲ့အခါ ခေါင်း ပြတ်အောင် ဖြတ်ရမယ်၊ တခြားနေရာတွေ တိုက်ခိုက်လို့   မရဘူး။  ဒီရုပ်သေးရုပ်  တွေက နာကျင်မှု မခံစားတတ်တဲ့အတွက် သူတို့ရဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တိုက်ခိုက်လည်း အသုံးမဝင်ဘူး။ ခေါင်းဖြတ်မှပဲ ဒီ ရုပ်သေးရုပ်တွေကို  အဆုံးသတ် နိုင်လိမ့်မယ်“

လင်းဟွမ်က သူတို့ကို နောက်တစ်ကြိမ် ထပ်သတိပေးလိုက်သည်။

လင်းဟွမ်သည် သူတို့ကို ယခင်က ပြောခဲ့ ဖူးသော်လည်း တိုက်ပွဲ မစတင်ခင်
အလေးထားစေချင်၍ နောက်တစ်ကြိမ် သတိပေးခဲ့ခြင်းပင် ။ လာမည့်တိုက်ပွဲ
က ခက်ခဲမည်ကို သိနေသောကြောင့် အားလုံးက  အလေးအနက် ထားပြီး
ခေါင်းညိတ်ပြကြသည်။ သူတို့ဘက်တွင် လန်စန်လော့ အပါအဝင် ခြောက်
ယောက်သာရှိပြီး ရုပ်သေးနွယ်ပင် ဘက်တွင်မူ အင်မော်တယ်အဆင့် မွန်းစ
တားငါးကောင် အပါအဝင် ရုပ်သေးရုပ်ပေါင်း (၃,၀၀၀) ကျော်  ရှိနေသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now