101---110

239 28 1
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၀၁) - ပျောက်သွားသော အမှိုက်ပုံး။

လင်းဟွမ်သည် ယခုလက်ရှိ သူ့လက်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော သဲလွန်စသည် ပျောက်သွားသော အမှိုက်ပုံးသာ ဖြစ်ကြောင်း တွေးလိုက်မိသည်။

"တတိယ အမှိုက်ပုံးက လင်းရှင်နဲ့အတူတူ ပျောက်သွားတယ်။ အမှိုက်ပုံးကို တွေ့ရင် လင်းရှင်ကိုလည်း တွေ့နိုင်တယ်."

လင်းဟွမ်က လုံခြုံရေးဝန်ထမ်းများကို သူတို့၏ခေါင်းဆောင် ချန်းဝေနှင့် ဆက်သွယ် ခိုင်းလိုက်သည်။

"မစ္စတာလင်း၊ ကျစ်ဆံမြီးရှိတဲ့ မိန်းကလေးရဲ့ အခန်းနံပါတ်ကို ငါတို့ရထားပြီ။ သူမက (၉) ထပ်မြောက် အခန်းနံပါတ် (၃၂၁)မှာ နေတယ်။ မိန်းကလေးရဲ့အဖေကို ဆက်သွယ်ပြီး အခန်းထဲမှာ စောင့်ခိုင်းထားတယ်။ အခု သွားလို့ရပြီ"

ချန်းဝေသည် ဖုန်းကိုင်လိုက်သည်နှင့် ဤသတင်းကို ချက်ချင်း ပြောလာသည်။

"ငါတို့ အဲ့ဒီကိစ္စကို ခဏ ရပ်ထားမယ်။ နောက်ထပ်သဲလွန်စ တစ်ခုရတယ်။ ညနေ (၅) နာရီ မိနစ် (၄၀) ဝန်းကျင်လောက်မှာ အမှိုက်ပုံး (၃) ပုံးရှိတယ်လို့ အနီးအနား စတိုးဆိုင်က အုပ်ချုပ်သူ အမျိုးသမီးတစ်ယောက်က ပြောတယ်။ အခုတော့ အမှိုက်ပုံးက (၂) ပုံးပဲရှိတော့တယ်။ အမှိုက်ပုံး ပျောက်သွားတဲ့အချိန်က ညီမလေးပျောက်သွားတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတယ်။ အဲ့ဒီတော့ အမှိုက်ပုံး ယူသွားတဲ့လူက ညီမလေးကို ဖမ်းသွားတဲ့လူလို့ သံသယရှိတယ်.."

လင်းဟွမ်က သူ၏အယူအဆအား ချန်းဝေကို ပြောလိုက်သည်။

"ညနေ (၅) နာရီ မိနစ် (၄၀) လောက်မှာ ရိုက်ထားတဲ့ ဗီဒီယိုကိုကြည့်ဖို့ အခုပဲ
လာခဲ့.."

"ဟုတ်ပြီ။ နောက်ထပ် သဲလွန်စရဖို့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကို
လည်း အဲ့ဒီနေရာမှာ ထားလိုက်မယ်"

ချန်းဝေက ခေါင်းညိတ်လိုက်သည်။

လင်းဟွမ်သည် ဖုန်းချပြီးသည်နှင့် စောင့်ကြည့်ရေးအခန်းသို့ ပြေးသွားသည်။

ချန်းဝေသည် လင်းဟွမ်၏ တောင်းဆိုချက်အရ ဗီဒီယိုကို ခေတ္တရပ်ထားသည်။
ထို့နောက် လင်းဟွမ် ရောက်လာသောအခါ ဗီဒီယိုကို ဖွင့်ပြလိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now