501---------510

196 21 0
                                    

အခန်း(၅၀၁) - စတေး ခံခြင်း။

သူတော်စင် အဖွဲ့ဝင်များ ကြားဝင်တိုက်ခိုက်၍ တိုက်ပွဲလေ့ကျင့်မှု ပြီးဆုံးခဲ့သည်မှာ သုံးရက် ကြာသွားခဲ့သည်။

သိုင်းပညာ မုဆိုးကောလိပ်မှ ပထမနှစ် ကျောင်းသားများကို သုံးရက် အနားပေးခဲ့ပြီး ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားများအတွက် အတန်းချိန်  ပြန်လည်ရေးဆွဲနေခဲ့သည်။

ယခုတစ်ကြိမ် အခင်းဖြစ်ပွားမှုတွင် ဆရာပေါင်း (၆၀၀) ကျော် သေဆုံးခဲ့ပြီး အခြားနှစ်မှ ဆရာများလည်း ကျဆုံးခဲ့သဖြင့် ကောလိပ်က ဆရာအသစ်များကို ထပ်မံခေါ်ယူခဲ့ကြသည်။

နှစ်ရက်ကြာသောအခါ အဖွဲ့ခွဲ (၇) နှလုံးသား ကွန်ရက်ပေါ်တွင် ပြည်ထောင်စု အစိုးရ ကြေညာလိုက်သော ကြေညာချက်ကြောင့် ကွန်ရက် တစ်ခုလုံး ပေါက်ကွဲလုမတတ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

‘အောက်တိုဘာလ (၁) ရက်နေ့မှာ မြေအောက်အဖွဲ့အစည်း ဖြစ်တဲ့ သူတော်စင် အဖွဲ့အစည်းက ဒိတ္ထိ အယောင်ဆောင်ပြီး သိုင်းပညာမုဆိုးကောလိပ်မှ ကျောင်းသား သုံးထောင်ကို ယစ်ပူဇော်ဖို့အတွက် ဖမ်းယူဖို့ ကြိုးစားခဲ့တယ်။ အကြီးအကဲ နှစ်ယောက်ဖြစ်တဲ့ ယုဝမ်ပင်နဲ့ ဝူဖန်တို့က အဖွဲ့ဝင် (၁၀၂)ဦးကို ဦးဆောင်ပြီး မြူခိုးသစ်တောထဲမှာ ကျင်းပတဲ့ တိုက်ပွဲလေ့ကျင့်မှုကို ကျူးကျော် တိုက်ခိုက်ခဲ့ကြတယ်။ ဒါကို သိုင်းပညာ မုဆိုးကောလိပ်မှ ဆရာတွေနဲ့ မုဆိုးအဖွဲ့အစည်းက အဖွဲ့ဝင်တွေက ပူပေါင်းပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်ခဲ့လို့ ယုဝမ်ပင် အပါအဝင် သူတော်စင် အဖွဲ့ဝင် (၁၀၁ဦး)ကို  သတ်နိုင်ခဲ့တယ်”

“သူတော်စင် အဖွဲ့အစည်းက အရှက်တရား ကင်းမဲ့ပြီး စည်းဘောင် ကျော်သွားခဲ့ပြီ။ ဒါကြောင့် အဖွဲ့ခွဲ (၇) က ပြည်ထောင်စုအစိုးရ ဥက္ကဌနဲ့ အမှုဆောင် အရာရှိ (၁၂) ယောက်တို့ အကြိမ်ကြိမ်အခါခါ စဉ်းစား ဆုံးဖြတ်ခဲ့ကြတယ်”

“ထိုဆုံးဖြတ်ချက်အရ အဖွဲ့ခွဲ (၇) ပြည်ထောင်စု အစိုးရက သူတော်စင် အဖွဲ့အစည်းနဲ့ တရားဝင်စစ်ပွဲ စတင်လိုက်ပါတယ်။ သမ္မဂ္ဂ အဖွဲ့ဝင်အားလုံးက ဒီတိုက်ပွဲမှာ တိုက်ခိုက်ဖို့အတွက် အဖွဲ့အစည်းမှာ ရှိတဲ့လူအရေအတွက်ရဲ့ အနည်းဆုံး သုံးပုံ၊ တစ်ပုံကို စေလွှတ်ပေးရမယ်”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now