206----210

175 26 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၂၀၆) - အဆုံးစွန်းသော တားဆီးရေးသမား ရောက်ရှိလာခြင်း။

တစ်ခါတစ်လေတွင် သောက်တလွဲ ဖြစ်တတ်သည်။

စင်မြင်ပေါ်တွင် ပိန်ပိန်ပါးပါး အရိပ်တစ်ခု ပေါ်လာသောအခါ လင်းဟွမ်က သူ့ကို ချက်ချင်း သိလိုက်သည်။

သူသည် ဦးဆောင်သူစာရင်းတွင် အဆင့် (၃) ရှိသော နောက်ဆုံးခံတပ် ဖြစ်သည်။ နောက်ဆုံး ခံတပ်သည် (၁.၄) မီတာထက် ပုပြီး အလွန်ပိန်သည်။

သူသည်   ပေါင်  ခြောက်ဆယ်ထက်ပင် ပိုပေါ့ပါးပြီး ဆယ်နှစ်သား ကလေးနှင့်ပင် တူသေးသည်။ သို့သော်လည်း အမှန်တကယ်တွင် အသက် (၁၇) နှစ် ရှိနေပြီဖြစ်ပြီး ကြီးထွားမှု နောက်ကျသောကြောင့်  ဤကဲ့သို့  ဖြစ်နေခြင်းပင်။
လင်းဟွမ်နှင့် ကျန်သည့် လူများသည် အလင်းရောင် မပျောက်သေးခင် ထိုတားဆီးသူ၏ အရွယ်အစားကြောင့်  သိလိုက်ကြသည်။

သူ့ပုံစံသည် အန္တရာယ်ကင်းသော ကလေးတစ်ယောက်နှင့် တူသော်လည်း နောက်ဆုံး ခံတပ်သည် ခြောက်ထပ်ရှိ ကစားသမား အများစု မတွေ့ကြုံချင်သော  ပြိုင်ဘက်  တစ်ယောက်ပင်။

ခြောက်ထပ်မြောက်တွင် နောက်ဆုံး တားဆီးသူ အဖြစ် အသိအမှတ် ပြုထားကြသည်။

ဦးဆောင်သူစာရင်း ပထမနေရာတွင် ရှိနေသော ယုမိုလီပင် သူ့ကို  တစ်ခါမှ  အနိုင်မယူ  နိုင်ခဲ့ပေ။

လင်းဟွမ်လည်း ပြိုင်ဘက်၏ ခံစစ်ကို ဖြတ်ကျော်နိုင်မည်ဟု မယုံကြည်သောကြောင့် သူနှင့် မတွေ့ချင်ပေ။ နောက်ဆုံး တားဆီးသူ၏ ပုံစံကို မြင်လိုက်သည့် အခိုက်အတန့်တွင် လင်းဟွမ် တိတ်ဆိတ်သွားသည်။

“ကြည့်ရတာတော့ ဓါးပါရမီရှင်ရဲ့ ဆက်တိုက် အနိုင်ရတဲ့ တိုက်ပွဲတွေက ဒီမှာပဲ အဆုံးသတ်သွားပြီ ထင်တယ်”

“စနစ်က နောက်ဆုံး တားဆီးရေးသမားကို တကယ် ပို့ခဲ့တာပဲ။ အရင်က ယုမိုလီ ပြောဖူးတယ်။ ငွေအဆင့်မုဆိုးတွေထဲမှာ သူ့ရဲ့ခံစစ်ကို ဘယ်သူမှ မဖြတ်ကျော်နိုင်ဘူးတဲ့။ ရွှေအဆင့် တိုက်ခိုက်ရေး အမျိုးအစား  ဓာတ်ကြွင်းနဲ့မှ  လုပ်နိုင်မယ်တဲ့”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now