91---100

246 35 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၉၀) – ကျွမ်းကျင်သူ တစ်ယောက်နှင့် တွေ့ဆုံခြင်း။

“မုဆိုးတစ်ယောက် အထောက်အထား အတည်ပြုပါ”

“မုဆိုးအခန်းထဲ  ဝင်ပါ…”

“စနစ်ရဲ့ အလိုအလျောက် ထောက်လှမ်းမှုမှုမှာ ကစားသမားက တိုက်ခိုက်မှုအဆင့် သံအဆင့်(၃)မှာ ရှိကြောင်း  ပြသပါတယ်။”

“သံအဆင့် စစ်မြေပြင်ကို အသက် သွင်းနေပါတယ်။ အသက်  သွင်းချင်လား”

“အသက် သွင်းမယ်”

လင်းဟွမ်က အတည်ပြုရန် ခေါင်းညိတ် လိုက်သည်။

“သံအဆင့် စစ်မြေပြင် အသက်သွင်းမှု ပြီးဆုံးသွားပါပြီ။ ကျေးဇူးပြုပြီး အ
ကောင့် ID ကို ထည့်သွင်းပေးပါ…”

“သေနတ် နတ်ဘုရား…”

လင်းဟွမ်က ဂုဏ်ဆာသော နာမည်တစ်ခု လိုချင်သည်။

“ထို ID က ရှိပြီးသားဖြစ်ပါတယ်။ နောက်ထပ် ID တစ်ခုကို ကျေးဇူးပြုပြီး ရွေး
ပေးပါ…”

“ပစ်ခတ်ခြင်း  နတ်ဘုရား…”

“ထို ID က ရွေးချယ်ပြီးသားဖြစ်သည်… နောက်ထပ် ID တစ်ခုကို ရွေးချယ်ပေး
ပါ…”

“ဝုန်းဒိုင်းကြဲ  မာစတာ…”

“ထို ID ကို ရွေးချယ်ပြီးသားဖြစ်ပါတယ်။ နောက်ထပ် ID တစ်ခု ရွေးချယ်ပေး

ပါ…”

“ကျွန်တော်က  ငချွတ်လေးပါ”

လင်းဟွမ်သည် မာနကြီးသော၊ ဟော့ဖြစ်သော နာမည်များကို အသုံးပြု၍ မရ
သောကြောင့် နောက်ဆုံးတွင် ကျိုးနွံရန် ဆုံးဖြတ်လိုက်သည်။

“ID ကို အတည်ပြုပါသလား…”

“အတည်ပြုပါတယ်…”

လင်းဟွမ်က အတည်ပြုလိုက်သည်။

“သံအဆင့် စစ်မြေပြင်ကို ပစ်ခတ်ခြင်း ဇုန်နဲ့ အရောအနှော လက်နက်ဇုန်ဆိုပြီး
နှစ်မျိုး ခွဲထားပါတယ်။ ကျေးဇူးပြုပြီး တိုက်ပွဲစတင်မယ့် နေရာကို  ရွေးချယ်

ပေးပါ”

“သေနတ်ပစ်ဇုန်ကို  ရွေးချယ်တယ်”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now