841-------850

164 14 0
                                    

အခန်း(၈၄၁) - သွေးရဲရဲလေး၏ ရုပ်သေးစစ်တပ်

မျက်စိ တစ်မှိတ်အတွင်းမှာပင် ကြွေလွင့် နတ်ဘုရားမြေထဲသို့ ဝင်ရောက်လာခဲ့သည်မှာ သုံးရက်ပင် ရှိလာခဲ့ပြီ။

မနက်ခင်း အစောပိုင်းတွင် လင်းဟွမ်သည် သူ၏ ဆင့်ခေါ်ခွင့် အကန့်အသတ်ဖြစ်သည့် မွန်းစတား (၁၅)ကောင်ကို တပြိုင်နက်တည်း ဆင့်ခေါ်ခဲ့သည်။

ဆင့်ခေါ်ခဲ့သော မွန်းစတားများမှာ သတ်ဖြတ်သူ၊ မကောင်းဆိုးဝါး လွှမ်းမိုးသူ၊ သွေးရဲရဲလေး၊ ကိုင်လီ၊ လန်စန်လော့၊  ပိုင်၊ အာဏာရှင်၊ ရုပ်ဆိုး၊ ချောကလက်လေး၊ စစ်ပွဲ အရှင်သခင်၊ သွေးဝတ်ရုံ၊ မရဏသူရဲကောင်း၊ ကြွေလွင့်သူရဲကောင်း၊ အမှောင်ထု ကောင်းကင်ဘုံ မြွေနှစ်ကောင်တို့   ဖြစ်ကြသည်။

"ပိုင်နဲ့ရုပ်ဆိုး၊ အာဏာရှင်နဲ့ ချောကလက်လေး၊  သွေးဝတ်ရုံနဲ့ စစ်ပွဲအရှင်သခင်၊  အမှောင်ထု ကောင်းကင်ဘုံ မြွေနှစ်ကောင်နဲ့    သူရဲကောင်း နှစ်ယောက်၊ မ‌ကောင်းဆိုးဝါး လွမ်းမိုးသူ၊ ကိုင်လီ နဲ့ လန်စန်လော့တို့က  တစ်ယောက်ထဲ တိုက်ခိုက်ရမယ်"

"ဒီ‌နေရာမှာ မွန်းစတားတွေ ပြန့်ကျဲနေလို့သာ….. ဒီလိုမှမဟုတ်ရင် အားလုံးကို
လွှတ်ပေးမှာ မဟုတ်ဘူး။ ဒီတစ်ကြိမ် ဟင်းလင်းပြင် အပျက်အဆီးထဲဝင်လာတာ လူပေါင်း (၈,၀၀၀) လောက်ရှိတယ်၊ ဒါက နောက်ဆုံး တစ်ခေါက် ရှာဖွေမှု
ထက် အဆ (၂၀) ကျော် လူ ပိုများတယ်။ ဒါပေမယ့် သွေးရဲရဲလေးရဲ့ စုံစမ်းစစ်ဆေးမှု အရ၊   လူသားတွေ မစူးစမ်းရသေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ အခု မင်းတို့သွားရမယ့် နေရာတွေက လူသားတွေ   ခြေမချရသေးတဲ့  နေရာတွေပဲ"

“နောက်သုံးလမှာ ကောင်းကောင်း စွမ်းဆောင်နိုင်တဲ့ လူတွေက ဆုချီးမြှင့်ခံရ
မယ်။ စွမ်းဆောင်မှု အားနည်းတဲ့ လူတွေကိုတော့ အရင် ပေးထားတဲ့ဆုတွေကို ပြန်သိမ်းမယ်”

လင်းဟွမ်သည် ထိုကဲ့သို့ ပြောပြီးနောက် ရုပ်ဆိုးကို ရည်ရွယ်ချက်ရှိရှိ စိုက်
ကြည့်လိုက်သည်။

ရုပ်ဆိုးသည် သူ၏ နောက်ဆုံးဆုအတွက် အစားအစာများ မတောင်းခဲ့ပေ။ ထို
အစား ရှေးဟောင်းအဆင့် စိတ်ဝိညာဉ် လက်နက်တစ်ခု၏ စျေးနှုန်းထက် နှစ်ဆ
ပိုဈေးကြီးသော ရှေးဟောင်းရုပ်သေးရုပ် တစ်ရုပ်ကို တောင်းဆိုခဲ့သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now