911-----920

90 12 1
                                    

အခန်း(၉၁၁) - လင်းရှင် သာလွန်အဆင့်ကို တက်လှမ်းခြင်း

လင်းဟွမ်က  ကုလားထိုင် တစ်လုံးယူကာ လင်းရှင်အခန်းရှေ့တွင် ထိုင်၍ စောင့်ကြပ်နေသည်။ စိတ်စွမ်းအား အသုံးပြုကာ နံရံကိုဖောက်ထွင်း၍ စောင့်ကြည့်နေသောကြောင့် လင်းရှင်၏ အခြေအနေကို အချိန်နှင့်အမျှ သိရှိ
နေသည်။

လင်းရှင်က အိပ်ရာအောက်တွင် ထိုနေပြီး ကံကြမ္မာသလင်း ကျောက်များကို
တောင်ကုန်းလေးသဖွယ် စုပုံထားသည်။

သူမက    ပါးစပ်ကို ဖွင့်လိုက်သည်နှင့် လက်မအရွယ် ကံကြမ္မာသလင်း
ကျောက်များက တစ်လုံးပြီး တစ်လုံး အဖြူရောင် အလင်းတန်းများအဖြစ် ပြောင်လဲကာ ပါးစပ်ထဲ စိမ့်ဝင်သွားသည်။ တောင်ကုန်းသဖွယ် ဖြစ်နေသော ကံကြမ္မာသလင်းကျောက်ပုံသည် သာမန်မျက်စိနှင့် မြင်နိုင်သော အရှိန်ဖြင့် သေးငယ်သည်ထက် သေးငယ်လာသည်။

ကြမ်းပြင်ပေါ်ရှိ ကံကြမ္မာ သလင်းကျောက်များ ကုန်သွားသည့် အခါတိုင်း
လင်းရှင်က အင်ပါယာ နှလုံးသားလက်စွပ်ထဲက ကံကြမ္မာ သလင်းကျောက်
များကို  ချက်ချင်း  ထပ်ဖြည့်လိုက်သည်။

သူမက ဆယ်နာရီကျော် ကြာအောင် ထိုကဲ့သို့ ထပ်ခါထပ်ခါ   ပြုလုပ်နေပြီး 
သန်းခေါင်ယံကျော် အချိန် ရောက်ခါနီးတွင် ရပ်တန့်သွားသည်။

တံခါး အပြင်ဘက်တွင် စောင့်နေသော လင်းဟွမ်က မနေနိုင်ဘဲ မတ်တပ်ထရပ်

လိုက်သည်။ စိတ်စွမ်းအားနှင့် နံရံကို ဖောက်ထွင်း၍ လင်းရှင်ကို စိုက်ကြည့်
နေသည်။

သူမ၏ အော်ရာက  ပိုမို အားကောင်းလာကြောင်း ခံစားမိသည်။

လင်းဟွမ်သည် စိတ်စွမ်းအား အသုံးပြု၍ လင်းရှင်၏ အပြောင်းအလဲကို အချိန်
နှင့်အမျှ စိတ်ရှည်ရှည် စောင့်ကြည့်နေသည်။

သို့သော်လည်း လင်းရှင်၏အော်ရာက တစ်မိနစ် မပြည့်ခင် အချိန်မှာပင် ရွှေ
အဆင့် (ပြည့်ဝ)မှ အဖြူရောင် မီးလျှံအဆင့်သို့ မြင့်တက်လာသည်။ နောက်ဆုံး
တွင် အဖြူရောင် မီးလျှံအဆင့်သို့  ရောက်သည့်အခါမှသာ   ရပ်တန့်သွားသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now