351------360

190 27 0
                                    

အခန်း(၃၅၁) - ကံစမ်းမဲ ကတ် (၂၀) ။

ထိုနေရာနှင့်  ဆယ်ကီလိုမီတာ  အကွာ……

လင်းဟွမ်သည် အလက်ဇန္ဒြား လင်းယုန်ပေါ်မှနေ၍ ကြက်သွေးရောင် မီးလျှံအဆင့် မွန်းစတားကြီး တစ်ကောင်ကို စိုက်ကြည့်နေပြီး တိုက်ခိုက်ခြင်း  မရှိသေးပေ။

“ရှောင်ဖိန်၊ ငါ့မှာ နှစ်ဆကတ် ဘယ်လောက် ရှိသေးလဲ”
လင်းဟွမ်က  မေးလိုက်သည်။

“နှစ်ကတ်”

“စောတုန်းက ငါ သတ်ခဲ့တဲ့ မျှော်လင့်ချက် အရိုးဝိညာဥ်၊ ဓါးသွား
ကင်းမြီးကောက်နဲ့ ချော်ရည်ပူ နဂါးကြီး တို့အပါအဝင် ငါ့မှာအဆင့်တက် ဆု
လဒ် ခုနှစ်ခု   ရှိသင့်တယ်  မဟုတ်လား”

“ဟုတ်တယ်”

ရှောင်ဖိန်က တိုတိုတုတ်တုတ် ပြန်ဖြေကာ

“နှစ်ဆကတ် နှစ်ကတ် ဒါပေမယ့် ဆုရဖို့အတွက် အချိန်က နှစ်နာရီပဲ ရှိတယ်။
နှစ်နာရီအတွင်း ခုနှစ်နေရာ  သွားဖို့  မလုံလောက်ဘူး”

မွန်းစတားများသည် စီစီရီရီ ရှိနေခြင်းမဟုတ်ဘဲ တစ်နေရာနှင့် တစ်နေရာ
ကီလိုမီတာရာနှင့်ချီ ဝေးကွာနေသဖြင့် အလက်ဇန္ဒြား လင်းယုန်သည် ပျံသန်း
ရန်အတွက် အချိန်အများကြီး လိုအပ်နေ၏။ နှစ်ဆကတ် အသက်ဝင်သော
အချိန်နှစ်နာရီ အတွင်း၌ လင်းဟွမ် အများဆုံး သတ်နိုင်သော မွန်းစတား
အရေအတွက်မှာ  အဖြူရောင်  မီးလျှံအဆင့် မွန်းစတား လေးကောင်မှ ငါး
ကောင် အထိသာ သတ်နိုင်လိမ့်မည်။

“သခင်၊ အမှန်တကယ်တော့ မင်းက သန့်ရှင်း မီးလျှံအဆင့်  မွန်းစတား ခုနှစ်
ကောင်ရဲ့ တည်နေရာကို နေရာကူးပြောင်းခြင်း ဓာတ်ကြွင်းမှာ အမှတ်အသား
လုပ်ပြီးရင် သတ်လို့ရတယ်လေ.။ တစ်ကောင် သတ်ပြီးတာနဲ့ နောက်တစ်
ကောင်ဆီကို နေရာကူးပြောင်းခြင်း ဓါတ်ကြွင်း အသုံးပြုပြီး တန်းသွားလို့ ရတာ
ပဲ။ ဒါဆိုရင် အချိန်ကုန် သက်သာလိမ့်မယ်။

လင်းဟွမ်က ရှောင်ဖိန်အား ပြောနေသည့် စကားကို ကြားပြီးနောက် သွေးရဲရဲ
လေးသည် အင်္ကျီလက်စအောက်မှ ထွက်လာပြီး ဝင်ပြော လိုက်လျှင်

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံDove le storie prendono vita. Scoprilo ora