261-----270

233 27 1
                                    

အခန်း(၂၆၁) - လင်းဟွမ် ရွှေအဆင့်သို့ တက်လှမ်းခြင်း။

ရုပ်ဆိုးလူရွှင်တော်၏ တတိယမြောက် သန္ဓေ ပြောင်းလဲမှုသည် လင်းဟွမ် မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ငွေသံချပ်ကာ မွန်းစတားနှင့် ပြင်းထန်သော တိုက်ပွဲကြောင့် ရုတ်တရက် သန္ဓေ ပြောင်းလဲသွားခြင်း ဖြစ်နိုင်ကြောင်း တွေးလိုက်မိသည်။
ရုပ်ဆိုး လူရွှင်တော်သည် စိတ်ဝိဥာဉ် အမျိုးအစားထဲ ပါဝင်ပြီး အထူးသဖြင့် အနီးကပ် တိုက်ခိုက်ရေး  စွမ်းရည်  ကောင်းမွန်ခြင်း  မရှိပေ။

အခြား  တစ်ဖက်တွင်မူ ငွေသံချပ်ကာ မွန်းစတားသည် လျင်မြန်ပြီး အနီးကပ်
တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သော မွန်းစတားတစ်ကောင် ဖြစ်သည်မှာ ထင်ရှား နေသည်။

ငွေသံချပ်ကာ မွန်းစတား၏ ကြီးမားသော ဖိအားအောက်တွင် ရုပ်ဆိုး လူရွှင်တော်သည် သန္ဓေပြောင်းရန်  အစ ပျိုးခဲ့ခြင်း  ဖြစ်နိုင်၏။

ရုပ်ဆိုး လူရွှင်တော် ထွက်သွားသည်နှင့် လင်းဟွမ်၏  ပထမဦးဆုံး  တုံ့ပြန်မှု
သည် ငွေသံချပ်ကာ မွန်းစတား  လဲကျသွားသော နေရာသို့ သွားခြင်းပင်။

"ပိုင်….."

လင်းဟွမ်သည် ပိုင်ကို ဆင့်ခေါ်ပြီးနောက်  ငွေသံချပ်ကာ မွန်းစတား ပြုတ်ကျသွားသည့် နေရာသို့ လျှောက်သွားသည်။

ဒါသည် အနည်းဆုံး အချင်းမီတာ (၂၀) ခန့်ရှိသော စက်ဝိုင်းပုံစံ အပေါက်ကြီး
ဖြစ်သည်။

လင်းဟွမ်သည် အပေါ်မှ လှမ်းကြည့်လိုက်ရာ ငွေသံချပ်ကာ မွန်းစတားသည်
ငွေ ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး နဂိုပုံစံ ဖြစ်နေသည်။ 

၎င်း၏ ခန္ဓာကိုယ်တွင် လျှပ်စီးကြောင်း တစ်ခုမှမရှိဘဲ တွင်း၏အောက်ခြေ၌
ငြိမ်သက်စွာ လဲလျောင်းနေသည်။

၎င်း၏ ရင်ဘတ်သည် လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေသော်လည်း ရှောင်ဖိန်ထံမှ
မွန်းစတားကတ် အပိုင်းအစ သို့မဟုတ် မွန်းစတားကတ် အပြည့်အစုံ ရရှိ
ကြောင်း အကြောင်းကြားချက် မရရှိသေးသဖြင့် ရုပ်ဆိုးလူရွှင်တော်၏ အစော
ပိုင်း တိုက်ခိုက်မှုကြောင့် ငွေသံချပ်ကာ မွန်းစတား သေဆုံးခြင်း မရှိသေး
ကြောင်း  သိလိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now