151----160

239 24 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၅၁) - သာလွန်အဆင့်၏ အဆင့်သုံးဆင့်။

မျက်လုံးတုကြီး ပိတ်သွားပြီးနောက် ဒက်စီ မြို့သားများ၏ ဘဝသည် ဖြည်းဖြည်းခြင်း ပုံမှန် ပြန်ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မွန်းစတား အများစုကို ကျန်းနန်က သတ်ဖြတ်ခဲ့သည်။ သံအဆင့် မွန်းစတားများပင် မရှင်သန်နိုင်ခဲ့ကြ‌ပေ။

လင်းဟွမ်သည် အပြင်ထွက်ရန် ပျင်းနေသောကြောင့် ဟိုတယ်ထဲတွင် တစ်နေကုန် အခန်းအောင်းနေခဲ့ပြီး ဓါးကျင့်စဥ်ကို လေ့ကျင့် နေခဲ့သည်။

ဤအဖြစ်အပျက်နှင့် ပတ်သက်၍ နှလုံးသားကွန်ရက်ပေါ်တွင် ဆွေးနွေးမှုအချို့ ပြုလုပ်ခဲ့ကြပြီး ယခု ဖြစ်ရပ်ကြောင့် ကျန်းနန်အကြောင်းကို  လူသိများလာခဲ့သည်။

ထို့အပြင် ထို့တို့ထဲမှ မေးခွန်းအများစုသည် သန့်ရှင်းသောမီးတောက် အဆင့်၊ အင်မော်တယ် အဆင့်၊ တပ်မှူးအဆင့်နှင့် အုပ်ချုပ်သူအဆင့် မွန်းစတားများ၏ အကြောင်းကို မေးမြန်းခဲ့ကြသည်။

အမည်မသိ အသုံးပြုသူတစ်ယောက်က ကွန်ရက် ပေါ်တွင် ထိုတိုက်ခိုက်ရေး အဆင့်များနှင့် ပက်သက်ပြီး  အသေးစိတ် ရှင်းပြခဲ့သည်။

လင်းဟွမ်သည် ထိုပို့စ်ကို ဖတ်ကြည့်ပြီးနောက် အစောပိုင်းက ချိတ်ပိတ်ခဲ့သော ဆိုးသွမ်း လူရွင်တော်၏ တိုက်ခိုက်ရေးစွမ်းရည် အစစ်အမှန်၏ အတိုင်းအတာကို သိရှိသွားခဲ့သည်။

သာလွန် အဆင့်ဆိုသည်မှာ အမှန်တကယ်မူ သာမန်လူသားအဆင့်ထက် ကျော်လွန်ကြောင်း ဖော်ပြသော ယေဘုယျ အသုံးအနှုန်းမျှသာဖြစ်ပြီး ထိုအဆင့်တွင်  အဆင့်သုံးဆင့်  ရှိသည်။

ထိုအဆင့် သုံးဆင့်သည် သန့်ရှင်း မီးတောက်အဆင့်၊ အင်မော်တယ် အဆင့်နှင့် အင်ပါယာအဆင့်ဟူ၍ အသီးသီး ရှိသည်။ ထိုအရာများသည် သာလွန်အဆင့် မွန်းစတားများနှင့် မသက်ဆိုင်ပေ။ သာလွန်အဆင့် မွန်းစတားများကို တပ်မှူးအဆင့်၊   အုပ်ချုပ်သူအဆင့်နှင့် ဘုရင်အဆင့်ဟု၍  ခွဲခြားထားသည်။

လူတစ်ယောက်၏ ကံကြမ္မာ စွမ်းအားသည် အဆင့်တစ်ခုသို့ ရောက်သောအခါ သန့်ရှင်း မီးတောက်အဆင့်ကို ရရှိနိုင်သည်။ ထို့နောက် ထိုလူသည် တပ်မှူးအဆင့် မွန်းစတားများကို သတ်ဖြတ်ခြင်းမှ မီးတောက်စတင်ရန် လောင်စာကို ရရှိနိုင်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now