801-------810

107 11 0
                                    

အခန်း(၈၀၁) - နတ်ဘုရား ရုပ်ထု။

လေလံပွဲ ကြေငြာသူက မည်သည့်အကြောင်းမှ ရေရေရာရာ မိတ်မဆက်နိုင်ဘဲ စကားခဏ ပြောပြီးနောက်  ဈေးနှုန်းကို  စတင်  ဖွင့်လှစ်လိုက်သည်။

“ခေါ်ဈေးက သန်း (၂၀)၊ တစ်ခါ ဈေးတိုးရင် အနည်းဆုံး ကံကြမ္မာ သလင်းကျောက် (၅) သိန်း”

ဒါသည် အဆင့် (၂) ရှေးဟောင်း ဓါတ်ကြွင်းတစ်ခုနှင့် ဈေးနှုန်းတူပြီး မြင့်မားသည်ဟု မယူဆနိုင်ပေ။ သို့သော်လည်း အမျိုးအမည်မသိ လုပ်ဆောင်ချက်များ ပါဝင်သည့် ပစ္စည်းတစ်ခု ဖြစ်နေသည်။ ၎င်းက မာကျောသည်ဟူသော   အချက်မှလွဲ၍  အခြား ထူးခြားချက် မရှိပေ။ ဖြစ်နိုင်ချေ အများစုမှာ အလှဆင်ရန်အတွက်သာ အသုံး ပြုနိုင်သည်။ သာမန်အခြေအနေအရ လူတိုင်းက ဤကဲ့သို့ ပစ္စည်းအတွက်  ငွေဖြုန်းရန်  ဝန်လေးကြသည်။

လေလံကြေငြာသူပင် မည်သူမှ လေလံမဆွဲဘဲ ရောင်းမထွက်မည်ကို စိုးရိမ်နေသည်။ သို့သော်လည်း သူ အစိုးရိမ်   လွန်နေပုံပင် ။

အဖွင့်ဈေးနှုန်း ကြေငြာပြီးသည်နှင့် လူတစ်ယောက်က လေလံဆွဲသည့်  ခလုတ်ကို နိပ်လိုက်သည်။

“(၂၁) သန်း…”

သို့သော်လည်း လင်းဟွမ်က ဈေးနှုန်းကို မကမ်းလှမ်းခဲ့ပေ။

တတိယအထပ် ဗီအိုင်ပီ အခန်း နံပါတ် (၁) မှ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။
လင်းဟွမ်က မည်သူမှ ဈေးမပေးဘူးဟု တွက်ဆထားသဖြင့် အံ့ဩ သင့်သွားသည်။ ‌ခေါင်းအနည်းငယ် စောင်း၍ ဘေးခန်းကို တစ်ချက်ကြည့်ကာ လေလံဆွဲသည့် ခလုတ်ကို နိပ်လိုက်သည်။

“သန်း (၃၀)….”

သူ ဈေးနှုန်းကို သန်း (၃၀) တင်လိုက်သည်။ အဓိပ္ပါယ်မှာ လွဲမှားခြင်းမရှိဘဲ ဒီပစ္စည်း ငါ လိုချင်တယ်ဟု အဓိပ္ပါယ်  ပေါက်စေသည်။

လေလံဆွဲသည့် လူကလည်း ပြန်တုံ့ပြန်သည်။ တိုးမြင့်ပေးသည့်  ပမာဏက မနည်းလှချေ။

“သန်း (၅၀)…”

လင်းဟွမ် မျက်မှောင်ကြုတ်သွားသည်။ ဗီအိုင်ပီ အခန်းနံပါတ် (၁) ရှိ အဖွဲ့ဝင်၏တုံ့ပြန်မှုက သူ့အား တွေးတောသွားစေသည်။   ရိုးရိုးရှင်းရှင်း တုံ့ပြန်မှု တစ်ခုသာ ဖြစ်သော်လည်း  ဤပစ္စည်း၏ အဖိုးတန်မှုကို သိနေသလားဟု  တွေးတောသွားစေသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now