711------720

152 20 0
                                    

အခန်း(၇၁၁) - မှော်နတ်သမီး သွေး။

လင်းဟွမ်သည် ရွှေရောင်လေဟာနယ် လှိုင်းခေါင်းထဲမှ ထွက်လာသောအခါ နတ်ကွန်းထဲတွင် ပေါ်လာသည်။ ပတ်ပတ်လည်တွင် အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး အဖြူရောင် သလင်းကျောက်များ ဝန်းရံနေသည်။

“ရေခဲတုံးတွေလား”

လင်းဟွမ်သည် မနေနိုင်ဘဲ တိုင်တစ်ခုကို လှမ်းကိုင် ကြည့်လိုက်သည်။ သူ့ထင်ကြေးကို အတည်ပြုပြီးနောက် တိုင်သည် သိသိသာသာ အေးစက်နေသည်။ နတ်ကွန်းသည် နှင်းခဲဂုဏ်သတ္တိနှင့် ပြုလုပ်ထားပုံရပြီး အစွမ်းကြီးသူ တစ်ယောက်က ဖန်တီးထားခြင်း ဖြစ်နိုင်သည်။

အစွမ်းထက်သော စုန်းအတတ် မှော်အက္ခရာနှင့် ကာလရှည်ကြာစွာ ကျင့်ကြံခဲ့သော ကျင့်ကြံခြင်းများ ပေါင်းစပ်၍ ဖန်တီးထားသော ဤနတ်ကွန်းကြီးက အစွမ်းထက်သော နတ်ဘုရားဓါတ်ကြွင်း တစ်ခုကဲ့သို့ ဖြစ်နေသည်။

လင်းဟွမ်က သဲလွန်စများ လိုက်ရှာနေသည့် အချိန်တွင် မြေပြင် တုန်ခါလာသည်။ သူ့ ခြေထောက်များကို မြေပြင်မှ ခွာထွက်ပြီး (၁၀) စင်တီမီတာ အမြင့်တွင် ပျံသန်းလိုက်သည်။ တုန်ခါသွားသော်လည်း သူ့ကို မထိခိုက်ခဲ့ပေ။

ထို့နောက် လျစ်လျူရှုပြီး ပတ်ဝန်းကျင်ကို ဆက်လက် လေ့လာနေခဲ့သည်။
ဤနတ်ကွန်းကို ဖိသိပ်ထားသော ရေခဲ သလင်းကျောက်များနှင့် ပြုလုပ်ထားသည်။ နံရံများ၊ တိုင်များ၊   မျက်နှာကျက်များနှင့်  ကြမ်းပြင်များ ပေါ်တွင်ပင် မရေမတွက်နိုင်သော စုန်းအတတ် မှော်အက္ခရာများ ရေထိုးထား၏။

လင်းဟွမ်သည်   တစ်ချက်ကြည့်ရုံနှင့် ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသည်။ ဒါဇင်နှင့်ချီသော ရေခဲ သလင်းကျောက်များကို စက်ဝိုင်းပုံစံ စီထားကြောင်း
သတိထားမိသည်။ စမ်းကြည့်ရန် လုပ်လိုက်စဉ် ရင်းနှီးသော အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

“မှော်နတ်သမီး မျှော်စင်ရဲ့ အဆင့် (၉) ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ စိန်ခေါ်သူ တစ်ယောက်အနေနဲ့ ရတနာတစ်ခုကို  ဆုလာဒ်အနေနဲ့ ရွေးချယ်နိုင်တယ်”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now