721-------730

143 19 0
                                    

အခန်း(၇၂၁) - မှင်စာကောင်အတွက် ပြဿနာဖန်တီးပေးခြင်း

"အတုယောင်နတ်ဘုရားက ငါ့ဆီက အမွေကို ခိုးချင်နေတယ်လို့ မင်းပြောခဲ့
တယ်နော်။ ကျေးဇူးပြုပြီး နောက်ထပ် အချက်အလက်တွေ ပေးလို့ရမလား"

လင်းဟွမ်က မေးလိုက်သည်။

"သူ့နာမည်က ဝူကျန်း။ ခေတ်ဟောင်းမှာတုန်းက ငါ့ရဲ့နောက်လိုက် တစ်ယောက်ပဲ။ အသန်မာဆုံး မဟုတ်ပေမယ့် ဉာဏ်အမြော်အမြင် အရှိဆုံးထဲပါတယ်။ ငါတို့ ခေတ်မှာတုန်းကတော့ အသူရာ ချောက်ကမ်းပါးထဲကနေ ကျူးကျော်လာတဲ့ မွန်းစတားတွေနဲ့ တိုက်ပွဲမှာ ဝင်မတိုက်ခဲ့ဘူး။ အဲဒီအစား ရှောင်တိမ်း နေခဲ့တယ်။ စစ်ပွဲ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး အတုယောင်နတ်ဘုရားတွေရဲ့ အလောင်းတွေကို စုဆောင်းခဲ့ပြီးတော့ အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာအောင် လုပ်ခဲ့ချင်ပေမယ့် သူ့အကြံအစည် မအောင်မြင်ခင် သေဆုံးသွားခဲ့တယ်။ နတ်ဘုရားဝိညာဉ်က သူ့သားရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့တယ်။ အခုတော့ လွင့်မျောကုန်းမြေထဲကို လူသားတွေ ဝင်လာတဲ့အခါ သူ့သားက လှည့်ကွက် တချို့သုံးပြီးတော့ အဲဒီလူရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက် လိုက်တာပဲ”

“မှော်နတ်သမီး နတ်ကွန်းကို အသက် သွင်းလိုက်တဲ့အချိန်မှာ အဲဒီနတ်ဘုရားဝိညာဉ်က ဒါကို အာရုံခံစားမိပြီး နိုးလာခဲ့တယ်။ ဒါကြောင့် အခုအချိန်မှာတော့ လက်ရှိခန္ဓာကိုယ်ကို သိမ်းပိုက်ထားတယ်။ ဝူကျန်းက မျိုးနွယ်စုတွေ အင်းအာကြီးမားလာဖို့ စိတ်အား ထက်သန်တယ်။ ရည်မှန်းချက်  ကြီးတယ်”

“သူ သိမ်းပိုက်ထားတဲ့ ကိုယ်ခန္ဓာရဲ့ အရည်အချင်းတွေက မင်းနဲ့ယှဉ်နိုင်တယ်။ သူသာ မှော်နတ်သမီးရဲ့ မှတ်ဉာဏ်ကို အမွေဆက်ခံနိုင်ရင် သေချာပေါက် အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာမှာပဲ"

“အသူရာ ချောက်ကမ်းပါးထဲက မွန်းစတားတွေ ကျူးကျော်လာတာပဲ ဖြစ်ဖြစ်၊ မလာတာပဲ ဖြစ်ဖြစ် ခေတ်သစ်က ကျင့်ကြံသူ အားလုံးအတွက်တော့ အိပ်မက်ဆိုးတစ်ခု ဖြစ်လာလိမ့်မယ်"

လင်းဟွမ်သည် ထိုသတင်းဆိုးကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now