461-------470

158 18 0
                                    

အခန်း(၄၆၁) - ဝက်တွေ ထွန်ထားသော ကွင်းပြင်။

သတ်ဖြတ်သူ ဓါးနက်သည် ကြောက်စရာကောင်းသော စွမ်းရည်ရှိပြီး လူသားနှင့် ဆင်တူသည့် သန္ဓေသုံးကြိမ်ပြောင်း နတ်ဘုရား သွေးမျိုးဆက်ပါသော မွန်းစတား တစ်ကောင်ပင် ။

လင်းဟွမ်သည် သန္ဓေသုံးကြိမ်ပြောင်း မွန်းစတားတစ်ကောင်က မည်မျှ အစွမ်းထက်ကြောင်း မြင်ခဲ့ဖူးသည်။

သူ့လက်အောက်မှ လွတ်မြောက် သွားခဲ့သော အဓိပတိ အရှင်သခင်၏စွမ်းရည်သည် အင်မတန် ကြောက်စရာ ကောင်းခဲ့၏။ သူ့စွမ်းရည်သည် ကိုယ်ပိုင်စွမ်းရည်က  သုံးဆင့်    ပို၍ မြင့်မားနေခဲ့သည်။ သန္ဓေသုံးကြိမ်ပြောင်း အဖြူရောင်မီးလျှံအဆင့် မွန်းစတားတစ်ကောင်သည် နဂိုကပင် အစွမ်းထက်နေပြီ ဖြစ်ရာ နတ်ဘုရားသွေးမျိုးဆက် ပါ ပါက ပို၍ပင် အစွမ်းထက်နေလိမ့်မည်။ ရွှေရောင် မီးလျှံ အဆင့်နှင့်ပင် အစွမ်းတူနိုင်၏။

ရွှေအဆင့်ပြည့်ဝအဆင့်နှင့် အဖြူရောင် မီးလျှံအဆင့်သည် အဆင့်တစ်ဆင့်သာ
ကွာဝေး သော်လည်း လက်တွေ့၌မူ စွမ်းရည်သည် အဆင့် နှစ်ဆင့်လောက် ကွားခြားနေသည်။ ထို့ကြောင့် မီးစာကို ရရှိရန် အဆင့်နှစ်ဆင့်ကျော်ပြီး တိုက်ခိုက်ရမလို  ဖြစ်နေသည်။

ဒါသည် လူအများစုက သန့်ရှင်းမီးလျှံအဆင့်သို့ တက်လှမ်းသောအခါ သန္ဓေနှစ်
ကြိမ်ပြောင်း မွန်းစတားကိုသာ ရွေးချယ်ရသော အကြောင်းအရင်းပင် ။ လူများ၏   တစ်ရာခိုင်နှုန်းထက် နည်းသော လူများကသာ သန္ဓေသုံးကြိမ်ပြောင်း မွန်းစတားကို ရွေးချယ်ပြီး တစ်ကိုယ်တော်သတ်မည့် အစား အဖွဲ့နှင့် သတ်ဖြတ်ကြသည်။

တစ်ချိန်တည်းမှာပင် သန္ဓေသုံးကြိမ်ပြောင်း မွန်းစတားတစ်ကောင်သည်
အနည်းဆုံး ဆယ်ဆခန့် ပို၍ အားကောင်းလာရုံသာမက ဉာဏ်ရည်မှာလည်း ပိုမို မြင့်မားပြီး ထူးဆန်းသော အပြောင်းအလဲများကို လုပ်နိုင်စွမ်းရှိသည်။
မီးစာ အမဲလိုက်ရာတွင် သဘာဝ နိယာမ စည်းမျဉ်းအရ  အမဲလိုက်မည့် မုဆိုးသည် အဖော်အဖြစ် အများဆုံး လူတစ်ရာနှင့် အနည်းဆုံး ဆယ်ယောက် ခေါ်နိုင်ပြီး ရွှေအဆင့်သာ ဖြစ်ရမည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now