131----135

165 22 0
                                    

Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၃၁) - ပါးစပ်ဖြင့် ထုတ်ပြောစရာ မလိုသော လေ့ကျင့်ရေးစခန်းအတွင်းက စည်းမျဉ်း။

လင်းဟွမ်သည် ရင်းနှီးကျွမ်းဝင်လာသော ပထမ တစ်ရက်ကို ဖြတ်သန်းပြီးနောက် နောက်တစ်နေ့ မနက်တွင် နံနက်စာ စားပြီးသည်နှင့် လေ့ကျင့်ရေး မျှော်စင်သို့ တန်းသွားခဲ့သည်။

သူ့တွင် ပစ္စည်းကိရိယာများနှင့် တိုက်ခိုက်ရေး ကျင့်စဉ်များ မချို့တဲ့သည့်အတွက် အမှတ်များ စုဆောင်းရန် မလိုအပ်ပေ။ အများစုမှာ အစားအစာများ ရရှိရန် အမှတ်အနည်းငယ်မျှသာ လိုအပ်သော်လည်း သူ့တွင် အရေးကြီးဆုံး ပန်းတိုင်တစ်ခု   ရှိနေသည်။  ဒါသည် ကံကြမ္မာ စွမ်းအား ပိုမို စု‌ဆောင်းရန်ပင်။

လေ့ကျင့်ရေး မျှော်စင်သည် ဝပ်ကျင်းစခန်း၏ အလယ်တွင် တည်ရှိသော ဧရာမမျှော်စင်ကြီး ဖြစ်သည်။ အပေါ်ဆုံးထပ်တွင် မျက်နှာအမာရွတ်နှင့် လူ၏ ရုံးခန်းအပြင်၊ အောက်ထပ်တွင် လေ့ကျင့်ရေး အခန်းများစွာ ပါရှိသည်။

အထပ်သည် စုစုပေါင်း (၁၂) ထပ်ရှိသည်။ ပထမထပ်မှ တတိယထပ်အထိတွင် သံအဆင့် (၁) မှ အဆင့် (၃) အထိ မွန်းစတားများ  ရှိသည်။

စတုတ္ထ‌ထပ်မှ ခြောက်ထပ်မြောက် အထိတွင် ကြေးအဆင့် (၁) မှ အဆင့် (၃) အထိ မွန်းစတားများ ရှိသည်။

(၇) ထပ် မြောက်မှ (၉) ထပ် မြောက်အထိတွင် ငွေအဆင့် (၁) မှ အဆင့် (၃)
အထိ မွန်းစတားများ ရှိပြီး (၁၀) ထပ်မြောက်မှ (၁၂) ထပ်မြောက်အထိတွင် ရွှေအဆင့် (၁) မှ အဆင့် (၃) အထိ မွန်းစတားများရှိသည်။

လင်းဟွမ်သည် လှေကားကို အသုံးပြု၍ ခြောက်ထပ်သို့ တက်လာခဲ့ပြီး လူမရှိသော အခန်း တစ်ခန်းကို ရှာဖွေခဲ့သည်။

ကြေးအဆင့် မွန်းစတားများကို သတ်ဖြတ်ပြီး ကံကြမ္မာစွမ်းအားများ စုဆောင်းခြင်းသည် ငွေအဆင့် မွန်းစတားများကို သတ်ဖြတ်ပြီး ကံကြမ္မာစွမ်းအား
စုဆောင်းခြင်းနှင့် ကွာခြားခြင်း သိပ်မရှိသောကြောင့် ခြောက်ထပ်မြောက်ကို
ရွေးချယ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် လေ့ကျင့်မှုကိုလည်း အာရုံစိုက်ခဲ့သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now