661-------670

167 18 0
                                    

အခန်း(၆၆၁) - ဟန်ဖူလင်း။

လင်းဟွမ်သည် ဖုန်းချပြီးနောက် ဟိုတယ်အခန်းထဲ ပြန်ဝင်သွားကာ ပါရမီရှင်သမဂ္ဂထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်လိုက်သည်။

ကြယ်လမ်းစဉ် သစ်ပင်ပေါ်တွင် အင်ပါယာနှလုံးသား၏ ကြောငြာချက်က လူထု၏ အာရုံစိုက်ရာ ဖြစ်လာပြီး အများစုက အင်ပါယာနှလုံးသား၏ စုံစမ်း ကောက်ချက်ချမှုက မမှားယွင်း ခဲ့ဖူးသောကြောင့် ယုံကြည် လက်ခံလိုက်ကြသည်။ ထို့ကြောင့် လင်းဟွမ်သည် လူလိမ်လင်းရှီ   အဖြစ်မှ  တစ်နေ့တည်းနှင့် အမှတ် (၈) သန်း    စုဆောင်းနိုင်သော  လင်းရှီအဖြစ်  ပြောင်းလဲ သွား၏။

လင်းဟွမ်က ထိုအချက်ကို သိပ်အာရုံမထားပေ။ ကြယ်လမ်းစဉ် သစ်ပင်ပေါ်
ပြန်ရောက်သည်နှင့် ဆန်းကြယ်မျောက်ဝံကို  နောက်တစ်ကြိမ် ဆင့်ခေါ်ကာ ကြယ်လမ်းစဉ် သစ်ပင်ပေါ် နောက်တစ်ကြိမ် ထပ်တက်လိုက်သည်။

အင်မော်တယ်အဆင့် (၅) သန်ကောင် မွန်းစတားများ၏ တိုက်ခိုက်ခြင်းကို ခံရသောကြောင့် စစ်ဆေးရေးဂိတ် (၃၁) မှ စစ်ဆေးရေးဂိတ် (၄၀) သို့ သွားရန်  သူ့အတွက် များစွာ  ခက်ခဲခဲ့သည်။ လင်းဟွမ်သည် စစ်ဆေးရေးဂိတ် တစ်ခုချင်းစီကို ဖြတ်ကျော်နိုင်ရန် မိနစ် (၅၀) ခန့် အချိန်ယူခဲ့ရသည်။ စစ်ဆေးရေးဂိတ် (၄၀) ကိုလည်း တစ်နာရီခွဲအထိ  အချိန်ယူခဲ့ရသည်။

စစ်ဆေးရေးဂိတ် (၄၁) သို့ ရောက်သောအခါ ညနေ (၆)နာရီ ထိုးသွားခဲ့ပြီ။ ထို့ကြောင့် လင်းဟွမ်သည် ဆက်လက် မလုပ်ဆောင်တော့ဘဲ ပုံရိပ်ယောင် လောကထဲမှ  ပြန်ထွက်လာခဲ့သည်။

“အခက်အခဲတွေ  ပိုမြင့်လာပြီ။ ဆန်းကြယ် မျောက်ဝံက စစ်ဆေးရေးဂိတ် (၃၆) အထိ အထိအခိုက် မရှိသေးဘူး။ ကံကောင်းတာက ငါ့မှာ အာဏာရှင် ကျန်သေးတယ်။ ဒီကောင်တော့ ကိုင်တွယ် နိုင်ကောင်းပါရဲ့..”

ကြယ်လမ်းစဉ် သစ်ပင်ပေါ်တွင် ပြင်းထန်သော အခြေအနေ အမျိုးမျိုးကို တွေ့ကြုံခဲ့ရသည်။ အဆင့်တိုင်းသည် သူ့အတွက် ခက်ခဲသည်ဟု ခံစားခဲ့ရပြီး ခက်ခဲမှုအဆင့်မှာ မစ္စတာဖူး လေ့ကျင့်ပေးသော ခက်ခဲမှုနှင့်ပင်  နှိုင်းယှဉ်နိုင်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now