341------350

199 22 0
                                    

အခန်း(၃၄၁) - ရွှေဖားပြုတ်။

လွန်ခဲ့သော နာရီအနည်းငယ်………။

ချော်ရည် ပင်လယ်ပြင် အလယ်၊ မျောပါနေသော ရွှေရောင် ကျွန်းလေးတစ်ခု……

ခြောက်သွေ့  ပျက်စီးနေသော နေရာ တစ်ခု ဖြစ်ပြီး မြက်ပင်တစ်ပင်မှ မပေါက်သလို အပင်လည်း မရှိပေ။

လေထဲ၌ သွေးရောင် လင်းယုန်ကြီးတစ်ကောင်က ပင်လယ်ပင်ကြီးကို ဖြတ်ကျော်၍ ပျံသန်းလာသည်။ ထိုလင်းယုန်ဌက်ကြီး၏ အရွယ်အစားသည် အလွန် ကြီးမားပြီး အတောင်ပံများကို ဖြတ်လိုက်ပါက အနည်းဆုံး မီတာရာနှင့်ချီ
ရှည်လျားသည်။ အနည်းဆုံး အပြာရောင် မီးလျှံအဆင့် ရှိပြီး ခြိမ်းခြောက်နေသော အော်ရာကို ဖြန့်ထုတ် ထား၏။

ထိုလင်းယုန်ဌက်ကြီး ပေါ်လာသောကြောင့် ချော်ရည် ပင်လယ်တဝိုက်ရှိ မွန်းစတား အများစုသည် သားကောင် ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် အနက်ရှိုင်းဆုံး နေရာရောက်သည်အထိ ငုတ်လျှိုး သွားသည်။

သွေးရောင် တောက်ပနေသော လင်းယုန်ဌက်ကြီးသည် ရွှေကျွန်းကို မြင်
သောအခါ ပင်လယ်ပြင်အထက် လေထဲတွင် လှည့်ပတ် ပျံဝဲကာ ဘေးကင်းကြောင်း အတည်ပြုပြီးနောက် အပန်းဖြေ အနားယူရန် ကျွန်းပေါ်သို့ ဆင်းသက်
လာသည်။ ထိုအချိန်တွင် သမုဒ္ဒရာ မျက်နှာပြင်မှ အနီရောင်တောက်ပလာ
သည်။

ထိုအချိန်၌ ပင်လယ်ပြင် မျက်နှာပြင်ပေါ်၌ အနီရောင် တောက်ပလာပြီးနောက် အနီရောင် အလင်းတန်းတစ်ခုသည် လေသံပေး၍ လင်းယုန်ဌက်ကြီး ခန္တာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွား၏။

မကြာခင် ရွှေကျွန်းကြီးသည် လေထဲသို့ လျင်မြန်စွာ မြောက်တက်လာပြီး ကျွန်း
သည် အဆက်မပြတ် ကျယ်ပြန့်လာသည်။ နောက်ဆုံး၌ ကြီးမားသော မျက်လုံးကြီး တစ်စုံပေါ်လာပြီး ၎င်း၏ ကြီးမားသော ပါးစပ်ကြီးကို လေထဲသို့ ဟ၍ အနီ
ရောင်အလင်တန်း ထိုးဖောက် ခံထားရသော လင်ယုန်ကြီးကို  ပါးစပ်ပေါက်ထဲ ဆွဲသွင်းသွားသည်။

အံ့အောစရာကောင်းသည်မှာ ရွှေကျွန်းကြီးသည် ဧရာမဖားကြီး တစ်ကောင်
ဖြစ်နေသည်။ ထိုအချိန်၌ ခန္ဓာကိုယ်၏ တစိတ်တပိုင်းလေးကိုသာ ဖော်ပြထားခဲ့ခြင်းပင်။ ယခုမှသာ  ၎င်း၏  အစစ်အမှန် ပုံစံကို  မြင်နိုင်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now