551---------560

158 21 0
                                    

အခန်း(၅၅၁) - အနန္တ ခွဲစိတ်ဓါး။

လင်းဟွမ်သည် အနက်ရောင်ဝတ်စုံ ဝတ်ထားသော ခေါင်းဆောင်က မည်သူမည်ဝါ ဖြစ်ကြောင်း မသိသော်လည်း သူ့ထံရောက်လာပြီး လုမင်နှင့် တိုက်ခိုက်နေသည်။ ထို့အပြင် သူ့အဆောက်အဦးကို ဖျက်ဆီးခဲ့သောကြောင့် လာရောက် လည်ပတ်သည့် ရည်ရွယ်ချက်သည် မိတ်ဖွဲ့ရန် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ ထို့ကြောင့် ကံဆိုးခြင်းကတ်ကို နှစ်ခါ ပြန်မစဉ်းစားဘဲ အသုံးပြုလိုက်သည်။

“မင်းက မဖိတ်ခေါ်ဘဲ ရောက်လာတော့ ကံဆိုးခြင်းကတ်ရဲ့ အကျိုး သက်ရောက်မှုကို မြည်းကြည့်လိုက်ပေါ့ကွာ”

လင်းဟွမ်က အဆောက်အဦးတစ်ခု နောက်တွင် ပုန်းနေပြီး ခေါင်းပြူထွက်ကာ အနက်ရောင်ဝတ်စုံ ဝတ်ထားသော ခေါင်းဆောင်ကို ချောင်းကြည့် လိုက်သည်။ ကံဆိုးခြင်းကတ်ကို ပထမဦးဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သောကြောင့် အကျိုး သက်ရောက်မှုနှင့် ပက်သက်၍ တိတိကျကျ မသိပေ။

ကတ်ကို ချေမွပြီး ပစ်မှတ်ကို ချိန်ရွယ် လိုက်သောအခါ ကတ်သည် အနက်ရောင် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားပြီး ဝတ်ရုံနက် ခေါင်းဆောင်၏  ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားသည်။

ထိုလူသည် သူ့ခန္ဓာကိုယ်ကို အနက်ရောင် အခိုးအငွေ့များက ဖုံးလွှမ်းနေသော်လည်း သတိထား မိပုံမရပေ။ အနက်ရောင် အခိုးအငွေ့များက သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် တဝဲဝဲ လည်နေပြီး သူ့ခေါင်းပေါ် တစ်မီတာအကွာ၌ အမည်းရောင် တိမ်တိုက်တစ်ခု  ရှိနေသည်။

အနက်ရောင်ဝတ် အမျိုးသားနှင့် တိုက်ပွဲဝင်နေသော  လုမင်လည်း ထိုအရာကို မမြင်ပေ။ လင်းဟွမ် တစ်ယောက်တည်းသာ မြင်ပုံရသည်။

“ဘာတွေ ဆက်ဖြစ်လာမှာလဲ..”

လင်းဟွမ်သည် အပြောင်းအလဲကို မျှော်လင့်ခြင်း များစွာနှင့် စောင့်မျှော်ရင်း စိတ်လှုပ်ရှားနေသည်။ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက ဂီလာနဝက်ကဲ့သို့ ကံဆိုးမိုးမှောင် ကျလာမည့် အချိန်ကို စောင့်ကြည့်ရန် အချိန် အကြာကြီး မစောင့်ခဲ့ရပေ။

အနက်ရောင် အစင်းကြောင်းများနှင့် ကောင်းကင်ပေါ်တွင် ရွှေရောင် မိုးကြိုးများက တလက်လက် တောက်ပလာပြီး ထိမှန်သွားသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now