331-------340

183 19 0
                                    

အခန်း(၃၃၁) - ချော်ရည်ပူ နဂါး

လင်းဟွမ်သည် ကမ္ဘာမြေမှ ခရီးသွားတစ်ယောက် ဖြစ်သည့်အတွက် နျူးကလီယားဗုံး ဆိုသည်မှာ ကမ္ဘာပေါ်တွင် အန္တရာယ် အများဆုံး လက်နက်အဖြစ် သတ်မှတ် ခံထားရသောကြောင့် လှမ်းကြည့်၍ ကြောက်လန့်နေသည်။

ဒါသည် စစ်ပွဲတစ်ခုအတွင်း၌ အဆုံးစွန်သော လက်နက်ဖြစ်ပြီး အင်အားကြီး နိုင်ငံများ၏ သေစေနိုင်သောလက်နက်လည်း  ဖြစ်သည်။

ရောင်းချသူသည် ယခင်က နျူကလီးယားဗုံး၏ အကျိုး သက်ရောက်မှုကို မစမ်းသပ်ခဲ့ဖူးသောကြောင့် ရှေးခေတ်က ဗုံးများကဲ့သို့ သဘောထားခဲ့သဖြင့် လီလန်သည် မှောင်ခိုဈေးကွက်ထဲမှ အလွယ်တကူ ရရှိခဲ့ခြင်းပင်။

ဗုံးများက အလုပ် မလုပ်သည့်အခါ၌ အကျိုး သက်ရောက်မှုကို မည်သူမျှ  မသိနိုင်သောကြောင့် လီလန်သည်  ချိုသာသော ဈေးနှုန်းနှင့်ရရှိခဲ့သည်။

လင်းဟွမ်ကမူ ဗုံးများက မည်မျှ အစွမ်းထက်ကြောင်း သိနေသဖြင့် အပုပ်ကောင် လင်းတများ ပျံသန်းသွားသည်နှင့် အလက်ဇန္ဒြား လင်းယုန်ကို စီနင်း၍ ပေါက်ကွဲနိုင်သောနေရာမှ ထွက်ပြေးလာခဲ့၏။

ယခုလက်ရှိ၌ ကီလိုမီတာ ခြောက်ဆယ် ဝေးကွာသောနေရာမှ လေထဲတွင် နျူကလီးယားဗုံး ငါးလုံး ပစ်ချနေသော အပုပ်ကောင် လင်းတ ငါးကောင်ကို အကန့်အသတ်မဲ့ အမြင်အာရုံ အသက်သွင်းပြီး  လှမ်းကြည့်နေခဲ့သည်။

မကြာမီ လေထဲ၌ မှိုပွင့်ပုံစံ မီးလုံးကြီး ထွက်ပေါ်လာကာ ထိုမီးတောက်သည် အမြင့်ပေ ထောင်ပေါင်းများစွာထိ မြင့်တက်လာပြီး ကြီးမားသောမှိုပွင့် ပုံစံကြီး ဖြစ်လာသည်။ ထုတ်လွှတ်လိုက်သော မြင့်မားသည့် အပူချိန်ကြောင့် ကီလိုမီတာနှစ်ဆယ် ပတ်လည်အတွင်းတွင် တောက်ပသော အဖြူရောင် အလင်းကြီးကိုသာ မြင်နေရသည်။

ထိုအလင်းကြီး ဖြတ်သန်းသွားရာ နေရာတလျှောက်ရှိ ကျောက်တုံးများ အရည်ပျော်ကျကုန်ပြီး ဧရာမ ဝိညာဉ် မီးတောင်ကြီးသည် မြေပြန့် ဖြစ်သွားသည်။

အဖြူရောင် အလင်းတန်းကြီးသည် လှိုင်းလုံးကြီးအဖြစ် ပြန့်ကားလာကာ ကီလိုမီတာ ၅၀အကွာရှိ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ စတုရန်း ကီလိုမီတာ ထောင်ပေါင်းများစွာ အတွင်းက အရာခပ်သိမ်းကို တိုက်ခတ်သွားပြီး မြေပြင်တစ်ခုလုံး သိမ့်သိမ့် တုန်သွားသည်ကို သိသိသာသာ ခံစားလိုက်ရသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now