921------930

64 11 0
                                    

အခန်း(၉၂၁) - အလွန်တင်းကျပ်သော လေလံဆွဲမှုဆိုင်ရာ အခြေအနေများ

“ဒီနေ့လေလံပွဲမှာ ပထမဦးဆုံး ရောင်းချမယ့် ပစ္စည်းကတော့ အစောပိုင်း ကြေငြာထားတဲ့ နတ်ဘုရားတစ်ပိုင်း အဆင့် ပစ္စည်းရှစ်မျိုးထဲက တစ်မျိုးပဲ..”

လေလံပွဲတင်ဆက်သူ ယွမ်မေအာက လူအချို့ ဤပစ္စည်းအကြောင်း သိနေသည်ကို မြင်လျှင် ပြုံးလိုက်သည်။ သို့သော်လည်း လေလံပွဲထဲရှိ လူအများစုက ဘာပစ္စည်းလဲဆိုသည်ကို မသိကြပေ။ ပထမဦးဆုံး အဖွင့် စုဆောင်းပစ္စည်းက သူတို့ ကြိုးစားစရာ မလိုဘဲ သူတို့၏ အာရုံကို စွဲဆောင်နိုင်မည့် နတ်ဘုရားတစ်ပိုင်းအဆင့် ပစ္စည်းတစ်ခုဟုသာ ကြားသိထားသည်။

အစပိုင်းတွင် ဆူညံပွက်လော ရိုက်နေသော လေလံခန်းမသည် ယခုအခါ လုံးဝ
တိတ်ဆိတ် သွားသည်။ လူတိုင်းက သံပတ်ပေးထားသော အရုပ်ကလေးများ    ကဲ့သို့   ယွမ်မေအာဘေးမှ အရာကို ကြည့်နေကြသည်။

ထို့နောက် သူမက ပြုံးပြီး မိတ်ဆက်လိုက်သည်။

“ကျွန်မတို့ရဲ့   ဂုဏ်သရေရှိ  ဧည့်သည်အချို့က ဒါကို သိပြီးသားဖြစ်မှာ သေချာ
တယ်။  ဟုတ်ပါတယ်.. ဒါက   ဝိညာဉ်   သလင်းကျောက်ပါ.”
“ နတ်ဘုရားတစ်ပိုင်းအဆင့် ဝိညာဉ် သလင်းကျောက် တစ်ခုလား..”

ကျင့်ကြံသူ အများစုက ဝိညာဉ်သလင်းကျောက်ကို သိကြသည်။ ဤကမ္ဘာတွင်
ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်း ပေးနိုင်သည့် အရာများက အလွန်
နည်းပါးပြီး ထိုအထဲမှ ဝိညာဉ် သလင်းကျောက်သည် လူသိ အများဆုံးပင် ။

သို့သော်လည်း ကျင့်ကြံသူ အများစုသည် ဝိညာဉ်သလင်းကျောက် ဟူသော
အရာကို ကြားဖူးရုံသာ ကြားဖူးကြပြီး အမှန်တကယ် လက်တွေ့ မြင်ဖူးကြခြင်း  မရှိကြပေ။

အကြောင်းမူ မွန်းစတားထဲမှ ဝိညာဉ်သလင်းကျောက် ထွက်လာနိုင်ချေ အလွန်
နည်းပါး သောကြောင့် ပင်။ မွန်းစတားများက သေဆုံးသွားပြီးနောက်
ရှေးဟောင်း ဓါတ်ကြွင်းများနှင့် အလောင်းများကိုသာ  ချန်ထားရစ်ခဲ့ကြသည်။

လင်းဟွမ်သည် စတင် ကျင့်ကြံခဲ့သည့် (၃) နှစ်အတွင်းတွင်    အနည်းဆုံး   မွန်း
စတား အရေအတွက် သန်းပေါင်းများစွာ သတ်ပစ်ခဲ့သည်။ သို့သော်လည်း
ခန္ဓာကိုယ်ထဲမှ ဝိညာဉ်သလင်းကျောက် ထွက်ကျလာသည့် မွန်းစတားမျိုးနှင့်
တစ်ကြိမ်မှ မကြုံဖူးသေးပေ။ ဒါသည်   မည်မျှ  ဖြစ်နိုင်ချေ   နည်းပါးကြောင်း
သက်သေပြနေသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now