531-------540

180 19 0
                                    

အခန်း(၅၃၁) - ရှေ့ဖြစ်ဟောသူ။

လင်းဟွမ်သည် ရုပ်ဆိုးသော အမှန်တရား တင်လိုက်သည့် ပို့စ်ကို မြင်သောအခါ မျက်ခုံး ပင့်လိုက်မိသည်။ အစောပိုင်းက မစ္စတာဖူးနှင့် စကားပြောခဲ့သည့်  ဗီဒီယိုဖုန်း ခေါ်ဆိုမှုထဲတွင် သူ့အား သတိပေးခဲ့သလို ခရမ်းရောင် ကျီးကန်းအဖွဲ့အစည်းက အဖြူရောင်မြို့တော်တွင် ပြည်ထောင်စုအစိုးရနှင့် ရင်ဆိုမည့်အကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း အဖြူရောင်မြို့တော်တွင် ပြည်ထောင်စုအစိုးရကို တိုက်ခိုက်မည့် မြေအောက်အဖွဲ့အစည်း နှစ်ခုရှိကြောင်း သုံးစွဲသူက ပြောလာခဲ့သည်။ လင်းဟွမ်သည် သုံးစွဲသူက အမှန်အတိုင်းပြောနေခြင်း ဖြစ်လိမ့်မည်ဟု သံသယရှိလာသဖြင့်

"ဒီလူက  ဘာတွေ  သိထားတာလဲ"

လင်းဟွမ်သည် ရုပ်ဆိုးသော အမှန်တရား တင်ထားသည့် ပို့စ်အဟောင်းများကို ပြန်ဖတ် ကြည့်လိုက်သည်။

"ဒီအကောင့်ကို မှတ်ပုံတင်ထားတဲ့ ရက်စွဲက စက်တင်ဘာ (၂၈) ရက်နေ့ပဲ။
ပထမဆုံးပို့စ်ကို စက်တင်ဘာ (၃၀) ရက်နေ့မှာ တင်ခဲ့တယ်။ ဒါက သိုင်းပညာ မုဆိုးကောလိပ်မှာ ကျောင်းသား အသစ်တွေအတွက် တိုက်ပွဲလေ့ကျင့်မှု မလုပ်ခင် တစ်ရက်  အလိုပဲ"

"ဒီရက်ပိုင်းအတွင်း သိုင်းပညာ မုဆိုးကောလိပ်ကို ဒိတ္ထိတွေ တိုက်ခိုက်လိမ့်မယ်"

ဒါသည် ရုပ်ဆိုးသော အမှန်တရား အကောင့်၏ ပထမဆုံးပို့စ် ပင်  ။  အဆိုပါ ပို့စ်ထဲတွင် မှတ်ချက်ပေးသူ သုံးယောက်သာရှိခဲ့ပြီး ၎င်း၏ ခန့်မှန်းချက်က  မှားသည်ဟု  ရေးသားထားသည်။

ဒုတိယမြောက် ပို့စ်မှာ ပြည့်ထောင်စုအစိုးရက သူတော်စင် အဖွဲ့အစည်းကို စစ်ကြေညာခြင်း မလုပ်ရသေးခင် တစ်ရက်အလို အောက်တိုဘာလ (၃)ရက်နေ့တွင်  တင်ထားခြင်းသာ…

"ပြည်ထောင်စုအစိုးရက သူတော်စင်တွေကို စစ်ကြေညာပြီး အခြားသမ္မဂအဖွဲ့ အစည်းတွေနဲ့ အတူတူ  ပူးပေါင်းပြီး  တိုက်ခိုက်လိမ့်မယ်"

လူအများက ထိုပို့စ်တွင် မှတ်ချက်များ ပေးခဲ့ကြပြီး နောက်ဆုံးတွင် ခန့်မှန်းချက်သည် မည်မျှ မှန်ကန်ကြောင်း  ပေါက်ကြားသွားခဲ့သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now