471-------480

173 22 0
                                    

အခန်း(၄၇၁) - ငါ့အစွမ်းရဲ့ (၃၀) ရာခိုင်နှုန်းပဲ သုံးရသေးတယ်။

လင်းဟွမ်သည် သူနှင့် မီတာပေါင်း ထောင်နှင့်ချီ ဝေးကွာသော နေရာတွင် တိုက်ခိုက်နေသော မိစ္ဆာသုံးကောင်နှင့် သတ်ဖြတ်သူ ပုံမှန်ဓါးတို့ထံ ခြေတစ်လှမ်းတည်းနှင့် ရောက်လာသည်။

သတ်ဖြတ်သူ ပုံမှန်ဓါးသည် သူ့ကို ပစ်မှတ်ထားနေသော ပြင်းထန်သည့် အော်ရာကို သတိထားမိပြီး မျက်လုံး သူငယ်အိမ်များ ကျုံ့သွား၏။

သေခြင်းတရား အငွေ့အသက်က ပြင်းထန်စွာ ရောက်လာသောကြောင့် မိစ္ဆာသုံးကောင်ကို ပြင်းပြင်းထန်ထန် တစ်ချက် တိုက်ခိုက်လိုက်ပြီး ချက်ချင်း နောက်ဆုတ်သွားသည်။

သတ်ဖြတ်သူ ပုံမှန်ဓါး၏ စိမ်းပြာနက်ရောင် ချပ်ဝတ်တန်ဆာပေါ်တွင် မိစ္ဆာသုံးကောင်၏ ပြင်းထန်သော တိုက်ခိုက်မှုသည် လုံးဝ အလုပ်မဖြစ်ခဲ့ပေ။

သို့သော်လည်း သတ်ဖြတ်သူ ပုံမှန်ဓါး နောက်ဆုတ်လိုက်သည်နှင့် အရိပ်တစ်ခု ပေါ်လာသည်။

သတ်ဖြတ်သူ ပုံမှန်ဓါးသည် အရိပ်က ဘာလဲ ဆိုသည်ကို မမြင်နိုင်ပေ။

ဒါသည် ယုတ်ညံ့မှင်စာ မိစ္ဆာ အဖြစ် ပြောင်းလဲသွားသော လင်းဟွမ် ဖြစ်သည်။ သူ့လက်တွင် ကိုင်ဆောင်ထားသော အထွတ်အထိပ် ဓါး ဓါတ်ကြွင်းကို အနက်ရောင် ကံကြမ္မာ စွမ်းအားများဖုံးအုပ်ထားသဖြင့် လုံးဝ အနက်ဖြစ်နေသည်။

ဓါး၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင် အမှုန်အမွှား အလွှာတစ်ခုက ဝိုင်းရံနေပြီး သေစေနိုင်သော အန္တရာယ် အငွေ့အသက်ကို ထုတ်လွှတ်နေခြင်းပင်။

သတ်ဖြတ်သူ ပုံမှန်ဓါးပင် အော်ရာ၏ ကြောက်စရာကောင်းသော ခြိမ်းခြောက်မှုကို ခံစားနေရသည်။

လင်းဟွမ်သည် သတ်ဖြတ်သူ ပုံမှန်ဓါးနှင့် ဆယ်မီတာ ဝေးသောနေရာသို့ ရောက်လာသည်နှင့် တစ်ချက်ပြုံးလိုက်ပြီး မြေပြင်ကို ဖနှောင့်နှင့် တစ်ချက်ပေါက်လိုက်ရာ သူတို့ နှစ်ယောက်သည် နှစ်မီတာပင် မကွာဝေးတော့ချေ။
သတ်ဖြတ်သူ ပုံမှန်ဓါးသည် လင်းဟွမ်ကို သတ်ဖြတ်ရမည့်အစား ကြောက်လန့်တကြား ဓါးကို ဝှေ့ယမ်း၍ ကာကွယ်လိုက်သည်။ သူတို့နှစ်ယောက် ပို၍ နီးကပ်လာသည်နှင့်အမျှ သတ်ဖြတ်သူ ပုံမှန်ဓါးသည် ပို၍ ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားလာရသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now