401--------410

173 19 0
                                    

အခန်း(၄၀၁) - စုန်းမ။

လီလီ၏ အော်ဟစ်သံသည် ဂိုဒေါင်ထဲ၌ ပဲ့တင်ထပ်နေပြီး ပဲ့တင်သံ မဆုံးခင်မှာပင် သူတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားကာ လင်းဟွမ် နောက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာသည်။

အနက်ရောင်ဝတ်စုံ အောက်တွင်  လူသားနှင့် မတူသည့် အနက်ရောင် အခိုးအငွေ့များနှင့် ဖုံးလွှမ်းနေသော သူမ၏ခြေသဲများနှင့် လင်းဟွမ်၏ လည်ပင်းကို  တိုက်ခိုက်လိုက်သည်။

သူမ၏ အရိပ်ဆန်သော လှုပ်ရှားမှုသည် လင်းဟွမ်ကြည့်နိုင်သော အမြင်အာရုံထက် ကျော်လွန်သွားသည်။ သို့သော်လည်း နယ်မြေ ထိန်းချုပ်ခြင်းအာရုံကို တစ်ချိန်လုံး အသက်သွင်း ထားသောကြောင့် မီတာ (၁၀၀) အတွင်း၌ ဖြစ်ပျက်နေသော အဖြစ်အပျက်မှန်သမျှသည် လွဲချော်သွားခြင်း မရှိခဲ့သလို လီလီ၏ တစ်မူထူးခြားသော လှုပ်ရှားမှုကိုလည်း လွဲချော်သွားခြင်း  မရှိခဲ့ချေ။

လင်းဟွမ်သည် လီလီက သူ့နောက် ရောက်နေကြောင်း သတိထားလိုက်မိပြီး လွတ်မြောက်အောင် ရှောင်နိုင်ခြင်း မရှိသော်လည်း အဆင့်ငါး ဓါး ဓါတ်ကြွင်းဖြစ်သော နတ်ဆိုး သတ်ဖြတ်သူကို ထုတ်ပြီး သူ့နောက်ကျောကို ကာကွယ်လိုက်သည်။  ဓါးသည်  လေထုကို လျှင်မြန်စွာ ဖြတ်သန်းသွားပြီး တောက်ပသော ရွှေရောင်အလင်းများ ဖြာထွက်လာသည်။။

ဘုန်း…….

ဓါးနှင့် လက်သည်းတို့ ထိပ်တိုက်ထိမိပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ် လာသည်။ လင်းဟွမ်သည် ပေါက်ကွဲ၍ လွင့်ထွက်လာသော အား၏အရှိန်ကို ချေးဌားယူပြီး ဖက်တီးနှင့်  ကျန်းမိန်မိန်တို့ထံ  ခုန်ဝင်သွားသည်။

လီလီက နောက်ပြန်ဆုတ်ကာ အမှောင်ထဲသို့ ပျောက်ကွယ်  သွားပြန်သည်။
လင်းဟွမ်သည် ဖက်တီးနှင့် နီးကပ်လာသောအခါ လက်ထဲမှဓါးနှင့် ဖက်တီးအား ချုပ်နှောင်ထားသော ကြိုးကို  ဖြတ်တောက်ရန်  လုပ်လိုက်သည်။

ထိုစဉ် ဖက်တီးဘေးမှ အရိပ်တစ်ခု ရုတ်တရတ် ထွက်ပေါ်လာပြီး အနက်ရောင်အပ်သည် အသံထက် မြန်သောအရှိန်ဖြင့် လင်းဟွမ်ထံ တိုးဝင်လာသည်။ လင်းဟွမ်သည် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး လက်ထဲမှဓားကို လျင်မြန်စွာ ဝှေ့ယမ်းကာ ဒိုင်းတစ်ခုအဖြစ် ဖန်တီးပြီး အနက်ရောင်အပ်များကို တားဆီးလိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now