791-------800

129 15 0
                                    

အခန်း(၇၉၁) - အဲဒါ ဒီမှာ….

"ဒီနတ်ဆိုးမွန်းစတားတွေ တကယ် ရူးသွားတာပဲ….."

နောက်ထပ် အခိုက်အတန့်တွင် လင်းဟွမ် ပြန်ပေါ်လာပြီးနောက်  ကြမ်းတမ်း ညောင်မုတ်ဆိတ်များ ထိန်းချုပ်နိုင်သော အကွာအ‌ဝေး၏ အပြင်ဘက်ကို ရောက်ရှိနေခဲ့ပြီ။     ထို့နောက်  လေထဲတွင် ပြန့်ကျဲနေသော သစ်သား အပိုင်းအစများက အဆက်မပြတ် ပေါက်ကွဲနေသည်ကို နောက်ပြန် လှည့်ကြည့်လိုက်သည်။

ကြမ်းတမ်း ညောင်မုတ်ဆိတ် အနီးရှိ နေရာသုံးပုံ တစ်ပုံသည် ယခုအခါ မီးတောက်မီးလျှံများဖြင့် ဖုံးလွှမ်းနေသည်။

"နတ်ဆိုး  မွန်းစတားတွေ အားလုံး ဒီလို ရူးသွပ်သွားတာ  ပုံမှန်တော့  မဟုတ်ဘူး"

လင်းဟွမ်သည် ဖြည်းဖြည်းခြင်း လမ်းလျှောက်နေပြီး

"နတ်ဆိုးမွန်းစတားတွေ အားလုံးကို အဆိုးမြင်‌ ခံစားချက်က ထိန်းချုပ်ထားတယ်။ သူတို့ကို အစပြုလိုက်တာနဲ့ အပျက်သဘောဆောင်တဲ့ အဆိုးမြင် ခံစားချက်တွေ ပိုများလာတာပဲ။ ဆင်ခြင်တုံတရားတွေ၊ တွေးခေါ်နိုင်စွမ်းတွေ ဆုံးရှုံးသွားပြီး လုပ်ရပ်ရဲ့ အကျိုးဆက်ကိုလည်း  မစဉ်းစားနိုင်တော့ဘူး….“

"ဒါပေမယ့် ငါ့ကို သတ်ဖို့အတွက်နဲ့ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို   အနာခံရတာလဲ….."

လင်းဟွမ်သည် ကြမ်းတမ်း‌‌ ညောင်မုတ်ဆိတ် တောထဲ၌ နေရာအများစုက မီးတောက်များ ဖုံးလွှမ်းပြီး ဘာမှ မကျန်တော့သည်ကို မြင်လျှင် စဉ်းစားရ ခက်နေသည်။

အများအားဖြင့် ကြမ်းတမ်း ညောင်မုတ်ဆိတ် အပင်များသည်  ဗုံး သို့မဟုတ် ဓားမြှောင်ကဲ့သို့ ဖြစ်‌နေသော အရာများကို အသုံးပြုလေ့မရှိပေ။  ထိုစွမ်းရည်များမှာ အများအားဖြင့် ကိုယ့်ကိုယ်ကို   ကာကွယ်ရန်အတွက် သီးသန့် သိမ်းထားပြီး အသုံးပြုလိုက်သည်နှင့် နောက်ထပ် သုံးလအထိ ထပ်၍ အသုံးမပြုနိုင်တော့ပေ။

ကြမ်းတမ်း ညောင်မုတ်ဆိတ် အပင်များသည် လင်းဟွမ်ကို သတ်ဖြတ်ရန် ကြိုးစားရာတွင် ရှိသမျှ အရာအားလုံး  ထုတ်သုံး၍ ရင်းနှီး  ပေးဆပ်ခဲ့ကြခြင်းသာ….။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now