901-----910

80 12 0
                                    

အခန်း(၉၀၁) - နှစ်ကူး အကြို

လင်းဟွမ်သည် အဖွဲ့ခွဲ (၇) ကို ပြန်ရောက်ပြီးနောက် ညစာစားရန် အပြင် မထွက်ခဲ့ပေ။

ရေခဲသေတ္တာက လင်းရှင်နှင့် စုန်းမတို့ ဝယ်ယူထားသော ဟင်းချက် ပါဝင်ပစ္စည်းများနှင့် ပြည့်နေသည်ကို မြင်လိုက်လျှင်  ရနိုင်သမျှ ပစ္စည်းများနှင့်  ညစာ ပြင်ဆင်လိုက်သည်။

လင်းဟွမ်က ညစာ စားနေစဉ် မွန်းစတား ဆင့်ခေါ်ခွင့် နေရာလွတ် (၁၅) ခုလုံးကို အသုံးပြုပြီး လန်စန်လော့၊ အာဏာရှင်နှင့် ကျန်သည့် မွန်းစတားများကို ဆင့်ခေါ်လိုက်သည်။

လင်းရှင်ကလည်း လင်းဟွမ် လုပ်နေသည်ကို ကြည့်ပြီး  ခုနစ်လေးကို ဆင့်ခေါ်လိုက်သည်။

ခုနစ်လေး၏ တိုက်ခိုက်ရေး အဆင့်မှာ ကြက်သွေးရောင် မီးလျှံအဆင့်တွင် ရှိ
နေပြီ။ ခုနှစ်လေးသည် တုန်လှုပ် ခြောက်ခြားစရာ ကောင်းသော အင်ပါယာအဆင့် အော်ရာများကို ခံစားမိပြီး ဝပ်ကျသွားသည်။ သို့သော်လည်း သူတို့က ရန်သူများ မဟုတ်ကြောင်း သတိပြုမိလိုက်သလို ပိုင်နှင့် ကျန်သည့်မွန်းစတားများ၏ ဖော်ရွေမှုကြောင့် မကြာခင် တစ်ကောင်နှင့်တစ်ကောင် ရင်းနှီး သွားကြသည်။

လင်းရှင် လိုက်ကြည့်လိုက်ရာ သူမနှင့် အရင်းနှီးဆုံးဖြစ်သော ကိုင်လီကို မတွေ့ရသဖြင့်

“အစ်ကို၊ အစ်မ ကိုင်လီ ဘယ်မှာလဲ”

ဟု ချက်ချင်း မေးလိုက်သည်။

အတိအကျ ပြောရလျှင် ကောင်းကင် တမန်တော်များတွင် ကျား၊မ လိင်ကွဲပြား
မှု မရှိပေ။ ကိုင်လီက နတ်သမီးတစ်ပါး ဖြစ်သော်လည်း လင်းဟွမ်သည် သူမက အမျိုးသမီး ဟုတ်၊ မဟုတ် ဆိုသည်ကို မသေချာပေ။ ယခင်က ကိုင်လီ ကိုယ်ထင်ပြခဲ့သည့် ပုံစံအရ အမှန်တကယ်ပင် အမျိုးသမီးတစ်ဦး၏   ပုံစံ   ဖြစ်နေခြင်းသာ…..

ထို့အပြင် သူမသည် လင်းရှင် ပေါင်းသင်း ဆက်ဆံခဲ့ဖူးသော အမျိုးသမီး အင်ပါ
ယာ မွန်းစတား အနည်းငယ်များထဲမှ တစ်ယောက်လည်း ဖြစ်နေသည်။ ဒါကြောင့်လည်း လင်းရှင်က သူမ အကြောင်း မေးရသည့်  အကြောင်းအရင်းပင်…..။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now